ဒီလိုနွေရာသီမှာ ရာသီဥတုရဲ့အပူဒဏ်ကိုခံစားရတဲ့အပြင် အလှပျက်လို့စိတ်ညစ်တဲ့သူတွေအများကြီးကိုတွေ့ရတာ နေ့တိုင်းလိုလိုပါပဲ။အဲဒီတော့ ကျွန်တော်သိထားတဲ့ အိမ်မှတင် အလှပြင်နိုင်မယ့်နည်းလမ်းလေးတွေကို ဝေမျှချင်လာပါတယ်။ ကဲဖတ်ကြည့်ကြပါဦး။
(၁) နေလောင်အသားအရေအတွက်
ဗာဒံသီးအဆံ စားပွဲတင်ဇွန်း တစ်ဇွန်းစာကို ညက်အောင်ထောင်းပြီး သဘာဝဒိန်ချဉ်အနည်းငယ်ရော၍ ပျစ်နှစ်သော ခရင်မ် ဖြစ်လာအောင် မွှေပေးပါ။၎င်းကို ညအိပ်ခါနီးမှာ မျက်နှာ သို့မဟုတ် နေလောင်ဒဏ်ခံရတဲ့ နေရာများ(ဥပမာ- လက်များ၊ခြေများ၊ ကို)ပွတ်သပ်လိမ်းပေးပါ။
မျက်ခွံလေးတွေတင်းရင်းမှုမရှိလို့ စိတ်ညစ်နေသူတွေအတွက်
(၂) မျက်ခွံလေးတွေတင်းရင်းနေစေဖို့
ရှားစောင်းလက်ပပ်ကို ဂျယ်လိုချွဲပျစ်လာအောင် ကျိုပါ။ ၄င်းပျစ်ချွဲချွဲအရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို လက်ဖက်ရည်ကြမ်း လက်ဖက်စားဇွန်းတစ်ဇွန်းရော၍ ဗာဒံစေ့အဆံ လက်ဖက်စားဇွန်းတစ်ဇွန်းစာကိုထောင်းပြီး ထပ်ထည့်ကာ အားလုံးကို စေးပျစ်လာအောင်မွှေပါ။၎င်းကို သုံးရက်အတွင်းသုံးပေးရပါမယ်။ ၎င်းကို မိတ်ကပ် မလိမ်းခင် နာရီဝက်ခန့်အလိုမှာ မျက်လုံးလေးများ၏ အထက်နှင့်အောက် အရေပြားမှာ ချောနေအောင် ပွတ်သပ်လိမ်းပေးပါ။ မိတ်ကပ်လိမ်းတော့မယ်ဆိုရင် ၎င်းကို ရေနဲ့ပြန်ဖျက်လိုက်ပါ။
အသားလေးကြမ်းနေလို့ချောမွေ့စေလိုရင်တော့ ဒီလိုလုပ်ကြည့်ပါ။
(၃) အသားလေးနုချောစေဖို့
ကြက်ဥတစ်လုံးကို အနှစ်ဖယ်လိုက်ပြီး အကာချည်း ဇလုံတစ်ခုမှာထည့်၍ နာနာခေါက်လိုက်ပါ။ ပြီးရင် ၎င်းထဲသို့ ကြက်ဥအနှစ် ၊လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ စပျစ်သီးအရည်နဲ့ ဗီတာမင် E Capsule တစ်လုံးကို ဖောက်ပြီး အရည်ညှစ် ထည့်ကာ ခေါက်မွေလိုက်ပါ။ ၎င်းအရည်စေးကပ်ကပ်ကို မျက်နှာပေါ်အနှံ့ မျက်လုံး၂လုံးနှင့် နှုတ်ခမ်းနေရာချန်လှပ်၍ သုတ်ကာ ၄၅မိနစ်ထားလိုက်ပါ။ အေး၍လေသလပ်ခံရင်း တင်းလာပါလိမ့်မယ်။ ၎င်းကို ရေနိုင်နိုင်ဆေးချပါ။ အသားအရေ ချောမွတ်ကြည်ဝင်းပြီး ကြည့်ကောင်းလာပါလိမ့်မယ်။
ကဲ အားလုံးလုပ်ကိုင်ပြီးရင်ပဲဖြစ်ပါစေ နေ့စဉ်မိမိအသားအရေကို သဘာဝပစ္စည်းနဲ့ သန့်စင်ချင်ရင်တော့
(၄) ရှောက်နို့ရည်ဖြင့် သန့်စင်ခြင်း ( Herbal Milk Cleanser)
မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ကို သန့်စင်ရာမှာအသုံးပြုဖို့ပါ။
- နွားနို့ ၃၀၀စီစီကို ပွက်ပွက်မဆူစေဘဲ မီးဖိုပေါ်မှာ အပူပေးပြီးရင် အောက်ချ၍ အအေးခံထားပါ။
-၎င်းအအေးခံထားသော နွားနို့ကို ဇလုံသန့်သန့်တစ်ခုထဲ ထည့်ပါ။ပြီးရင် လတ်လတ်ဆတ်ဆတ် အခွံသင်ထားသော ရှောက်သီး အခွံနှင့် အဖြူသားကို ၄နာရီခန့်ကြာအောင်စိမ်လိုက်ပါ။ ပြီးရင်သစ်သားယောက်မတစ်ချောင်းဖြင့် သစ်သီးခွံများကို ဖိနိုင်သလောက် ဖိပြီး ဆန်ခါ(သို့) ရေစစ်တစ်ခုဖြင့် အရည်ကိုစစ်ပြီးယူပါ။ ရရှိသော နို့ရည်ဟာအရောင်နည်းနည်းဝါလာပြီး နွားနို့ကဲ့သို့ဖြူမနေတော့ပါ။ ၎င်းအရည်ကို ၀ါဂွမ်းလုံးလေးများဖြင့် နှစ်၍ မျက်နှာပေါ်ပွတ်သပ်ပေးပါ။ မျက်နှာအနှံ့ လည်ပင်းပါသုတ်ပေးပါ။
ပြီးရင် ရေကြက်သီးနွေးဖြင့် ဆေးချပေးလိုက်ပါ။ ဒါမှမဟုတ် ၀ါဂွမ်းလုံးအခြောက်လေးတွေနဲ့ သန့်စင်လိုက်ပါ။ ၎င်းရှောက်သီး ခွံနှင့် နွားနို့စိမ်ရည်ကို သုံးရက်အတွင်း နေ့စဉ်သုံးပေးနိုင်ပါတယ်။ သုံးရက်ကျော်သွားလျှင် သွန်ပစ်ပါ။
...သူငယ်ချင်းအားလုံး နွေရာသီမှာ အဆင်ပြေပါစေ။
No comments:
Post a Comment