အလွမ်းဖျားသူ
အတွေးတွေ ပြည့်သိပ်နေတဲ့ ညလယ်ကောင်တွေထဲ
သတိရခြင်းက ငါ့ရင်ဘတ်ပေါ် တဖြည်းဖြည်းတွားတက်လာတယ်
မျှော်လင့်တိုင်း မက်ခွင့်မရတဲ့ အိပ်မက်တွေက
ညနံရံတွေကို တစ်စစီ ရိုက်ခတ်တိုက်စားလို့
ဝေးကွာခြင်းမှာ နီးစပ်စွာ အသားကျခဲ့ရတယ်....
တစ်ယောက်ရဲ့ လက်ကိုတစ်ယောက်က မြဲမြဲဆုပ်ကိုင်ခဲ့သော နေ့ရက်များ
အသက်ရှင်ခြင်းကို ပြီးပြည့်စုံစေသော ချစ်သူရဲ့ စကားလုံးများ
တစ်ယောက်ရဲ့ မျက်ဝန်းကို တစ်ယောက်က ဖတ်ရှုနိုင်ခဲ့သော လက်ဖက်ရည်ချိန်များ
အမှတ် ရစရာတွေကို ထပ်ခါတလဲလဲ တမ်းတခြင်းမှာ
နှလုံးသားဟာ အလင်းပိတ်သက်တံ့ တစ်စင်းဖြစ်ခဲ့ရ....
တစ်မြို့တည်းနေပြီး ရနံ့တွေ လေညင်းခူးခွင့် မရခဲ့ဘူး
ဖုန်းခေါ်သံတွေ ငါ့နေ့လည်ခင်းတွေဆီ ရောက်မလာခဲ့ဘူး ချစ်သူရယ်.....
ကံကြမ®ာဟာ ငါတို့ ဖွင့်မဖတ်ရသေးတဲ့ စာမျက်နှာတွေလား
ချစ်ခြင်းမှာ အစွမ်းရှိသရွေ့ ဖူးပွင့်ချင်ပေမယ့်
အလွမ်းတွေနဲ့သာ လုံလုံလောက်လောက် ဖျားနာခဲ့ရပေါ့။
သွေး(စစ်ကိုင်း)
No comments:
Post a Comment