လမ်းခွဲမိုး
အဲဒီညနေခင်းက
မိုးတွေ အပြိုင်းအရိုင်း ရွာခဲ့ပါတယ်။
လျှောက်နေကျ လမ်းဟောင်းလေး
မိုးတွေ စိုနေတဲ့အခါ
ငါ့နှလုံးသားကလည်း ရွှဲရွှဲစိုလို့...။
တကယ်ဆို
မင်းနဲ့ တို့ကြား
နံရံတွေ ခြားသွားဖို့ ဆိုတာ
ဘယ်သူမှ တွေးမိကြမှာ မဟုတ်ဘူး..။
ဒါပေမယ့် တချို့ဖြစ်စဉ်တွေဟာ
ပုံပြင်ထက် ဆန်းတယ်...။
အနာဂတ်ကို
လှလှပပ စာစီနေတုန်း
မျှော်လင့်ချက် မိုးတိမ်တွေကို ရှုံးနိမ့် ပြိုကျ
ဒါနဲ့ပဲ
နောက်ဆုံး လက်ကျန် အသက်ငွေ့ငွေ့လေးနဲ့
ငါ့မှာ မိုးစက်တွေကို ငေးနေခဲ့ရတယ်...။
ဒါပေမယ့်
မိုးတွေကြားထဲ လမ်းခွဲကြရတဲ့ အခါ
မင်းရော ငါပါ စက်စက်ကျ ရွှဲနစ်လို့...။ ။
အေးအေးထွန်း (B.A Eng.)ချောက်
်
No comments:
Post a Comment