စီပိုးရှိတဲ့လူတွေရှောင်ရမှာတွေ
(၁) အဆီ၊ဆီနဲ့ကြော်ထားတဲ့အစားအစာတွေ
ဆီကြော်၊ဟင်းထဲကအဆီ၊မလိုင်၊ထောပတ်၊ချိစ်(Cheese)၊ဒိန်ချဉ်၊အရေခွံ၊အသည်းအမြစ်၊ကလီစာတွေကို ရှောင်နိုင်သရွေ့ရှောင်ပါ။
(၂) အစားတွေကို တအားကြီးမစားပါနဲ့၊ သင့်တင့်ရုံပဲစားပါ။
အချိုမှန်သမျှ လျှော့စားပါ။မလိုအပ်ပဲ ဂလူးကို့စ်တွေ မတိုက်ပါနဲ့။
(၃) မ၀ပါစေနဲ့။ပုံမှန်ဝိတ်ကိုထိန်းထားပါ။
စီပိုးရှိတဲ့လူဝရင်ပိုပြီး အသည်းထိခိုက်ပါတယ်။ဝတဲ့လူတွေမှာ အသည်းထဲကိုအဆီတွေက ၀င်ကုန်တော့ အသည်းဒဏ်ရာပိုဆိုးကုန်တာ ပေါ့။
(၄)အငန်လျှော့စားပါ။အသည်းမာနေရင် အငန်ရှောင်ပါ။
စီပိုးရှိပေမယ့် အသည်းကကောင်းနေရင် သာမန်လူတစ်ယောက်စားသလို အငန်ကိုထည့်စားလို့ရပါတယ်။စီပိုးရှိနေပြီး အသည်းခြောက် နေရင်တော့ ရှောင်ရပါမယ်။ မဆင်ခြင်ရင်တော့ တစ်ကိုယ်လုံးရောင်လာပြီး ရေဖျဉ်းစွဲလာပါမယ်။
(၅)အရက်လုံးဝမသောက်ရပါ။
စီပိုးနဲ့ အရက်တွဲလိုက်ရင် အသည်းပိုပြီးခြောက်လွယ်ပါတယ်။ ဘာနဲ့မှကိုမတူအောင်ဆိုးပါတယ်။
(၆) သံဓာတ်များတဲ့ အားဆေးတွေမတည့်ပါ။
အသည်းထဲမှ သံဓာတ်များရင် အသည်းပိုခြောက်တယ်၊ပြီးတော့ အသည်းထဲမှာ သံဓာတ်များရင် စီပိုးမထွက်ဘူး။
(၇)ဗီတာမင်စီ အများကြီးပါတဲ့ဆေးတွေမတည့်ပါ။
အချဉ်တွေအများကြီးစားရင် အချဉ်တွေမှာပါတဲ့ ဗီတာမင်စီက အစာလမ်းကြောင်းကနေကိုယ်ထဲကို သံဓာတ်တွေပိုပြီးဝင်စေတယ်။
(၈)အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ သံပရာသီး၊ရှောက်သီးတွေကို အမြဲတစေကြီး မစားသင့်၊ဖျော်ရည် လုပ်မသောက်သင့်ပါ။
(၉) ဆေးတစ်မျိုးမျိုးသောက်ရမယ်ဆိုရင် အသည်းနဲ့တည့်မတည့်မေးပြီးမှ သောက်သင့်ပါတယ်။
(၁၀) အသည်းရောင် အေပိုး၊ဘီပိုး ကာကွယ်ဆေးထိုးဖို့ စစ်ဆေးပြီး၊ကာကွယ်ဆေးတွေထိုးတားသင့်ပါတယ်။ အေတွေ၊ဘီတွေနှစ်မျိုး ၊ သုံးမျိုးတွဲရင် ပိုဆိုးတော့မှာပေါ့။
အသည်းရောင် အသားဝါစီရောဂါပိုး အကြောင်း (ပါမောက္ခ ခင်မောင်ဝင်း(အသည်း)) စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
No comments:
Post a Comment