Saturday, October 31, 2015

Aung San Suu Kyi - The Fighting Peacock (Japnese Cartoon)

 ကာတွန်းမှာဆို ဂျပန်က ဘုရင်ပါ ရထားပေါ်မှာ ဘူတာရုံမှာ လမ်းပေါ်မှာ ကြီးကြီး ငယ်ငယ် ကာတွန်းစာအုပ်တွေ ဖတ်တတ်ကြတာပါ။ ပထမတော့ အသက်ကြီးသူတွေ ဖတ်နေကြလို့ ရူးများနေလား ကျပ်မပြည့်တာလားပေါ့။ တကယ်တော့ ဂျပန်မှာ ကာတွန်းကို နယ်ပယ်စုံအတွက် အသက်အရွယ်စုံအတွက် ထုတ်ထားပါတယ်။
ကာတွန်းသည် ၀တ္ထုထက် ပညာပေးရာနေရာ စာပေဖြန့်ဖြူးရာမှာ ပိုလျင်မြန် ထိရောက်ပါတယ်။ စာဖတ်ကျင့်ဆိုတာသည်လည်း ကာတွန်းကနေ စပြီးမှ တဖြေးဖြေး မွေးမြူလာကြရတာပါ။
အဓိက ပြောချင်တာကတော့ ဂျပန်တွေ ဘာကြောင့်အောင်မြင်သလဲ ဆိုတာ အတုခိုးတတ်စေချင်လို့ပဲ. . .အခု ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ကာတွန်းစာအုပ် ထုတ်ဝေပြီး ပြည်သူတွေ သိအောင်ဖြန့်ဖြူးပေးထားတယ်။ သူမ တင်မဟုတ်ပါ တခြား နိုင်ငံ့ခေါင်းဆောင်များ အကြောင်းလည်း သူတို့ဆီမှာ ရှိကြပါတယ်။
ကိုယ်တွေဆီမှာတော့ ပြည်တန် ပတ္တမြားရှိပေမယ့် ပြောင်းလဲဖို့ဆိုတာ ဒီ့ထက်ဘာကို ပြောင်းလဲရဦးမလဲ ကွန်မြူနစ်စနစ်ပဲ ကျန်တော့တယ် ဆိုတဲ့ ဦးဏှောက်ပိုင်ရှင်တွေ ရှိနေသရွေ့. . .ဤခရီး ဝေးနေဦးမည်။ အရွေ့. . .ပြိုင်တူရွေ့ကြပါစို့။
**********
ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ အကြောင်းကနေ ဒေါ်စု နိုဗယ်ဆုရတဲ့အထိ ရေးဆွဲထားတာပါ…
လေ့လာဖတ်ရှုချင်သူများအတွက်
အောက်ကLink တွေမှာ အဆင်ပြေရာနဲ့ ဒေါင်းပါ။
(1) အောက်ကလင့်က Google Drive မှာပါ
©©©
(2) အောက်ကလင့်က Mediafire မှာပါ
©©©
(3) အောက်ကလင့်ကPcloudမှာပါ
©©©
(4) Google Drive Direct Downlod ပါ


Credit: ကိုဦး
 

Friday, October 30, 2015

Food Not Bombs (သို့) တနင်္လာည အမှောင်ထဲက လွတ်လပ်သော အလင်းရောင်




ဆံပင်တွေကို အရောင်စုံခြယ် ထားတဲ့ပုံစံမျိုးစုံ၊ နှစ်သက်ရာတက် တူးဆေးမင်ကြောင်တွေ ထိုးထား ပြီးအချွန်အတက်တွေ ဝတ်ဆင် ထားတဲ့ လူငယ်တစ်စု။ သူတို့က တနင်္လာနေ့တိုင်း ည ၇ နာရီ လောက်မှာ ရန်ကုန်မြို့ ဆူးလေမီး ပွိုင့်ထောင့်ကို စုရပ်လုပ်ပြီး အမြဲ ဆုံတွေ့လေ့ရှိကြတယ်။ သူတို့ကို ခေတ်စကားနဲ့ဆိုရင် Punk  တွေလို့ ခေါ်ကြတယ်။ ရှေးရိုးစွဲရှိသူတွေက တော့ အနက်ရောင်တွေ ဝတ်လေ့ရှိ တဲ့သူတို့ကိုတွေ့ရင် ပေါ့ပျက်ပျက် နိုင်တဲ့ လူငယ်တစ်စုလို့သတ်မှတ် လေ့ရှိပေမယ့် သူတို့နဲ့စကားပြော ကြည့်ရင်၊ သူတို့ရဲ့  လုပ်ဆောင်ချက် တွေက လူတွေထင်မှတ်မထားတာ တွေလည်းရှိပါတယ်။

”Punk ဆိုတာလူတော်တော်များများထင်နေကြတဲ့ ခေတ်ရေစီး ကြောင်းအရခဏတဖြုတ်ပေါ်လာပြီးအလွယ်တကူပျောက်ကွယ်သွား မယ့် ပေါ်ပင်ယဉ်ကျေးမှု တစ်ခုမ ဟုတ်ဘူး။ ဘဝကို ကိုယ်တိုင်ရွေးချယ်ပြီးလျှောက်လှမ်းရမယ့် ဘဝ နေထိုင်မှု ပုံစံတစ်ခုဖြစ်တယ်”လို့ သူတို့ထဲက တစ်ယောက်က ပြော ပါတယ်။

”ကျွန်တော်တို့က ဂိုဏ်းမဟုတ် ဘူး။ အဖွဲ့အစည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီလည်း မဟုတ်ဘူး။ ကိုယ်ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင် ခံယူချက်၊ ကိုယ်ပိုင်အယူအဆ တွေနဲ့ သီးခြားရပ်တည်နေတဲ့ လူ နေမှုတစ်ခုဖြစ်တယ်။ ဒါကို အချို့ လူတွေက Punk ဆိုတာ ပေါ့ပျက် ပျက် လူရမ်းကားလူငယ်တစ်စုလို့ သမုတ်ကြတယ်”လို့ သူက ဆက် ပြောတယ်။

တကယ်တော့ သူတို့အဖွဲ့မှာ Punk တွေချည်းပဲ ပါဝင်တာမ ဟုတ်ဘဲနဲ့ Anarchists ၊ Atheists  တွေလည်းပါဝင်ပါတယ်။ အဓိက ကတော့ ကိုယ်ပိုင်ခံယူချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းမယ် ဆိုပြီးခွဲထွက်လာကြတဲ့ လူငယ်တွေ လို့ပြောမယ်ဆိုရင်လည်း
ရပါတယ်။


အခုတော့ Food Not Bombs  ဆိုတဲ့လှုပ်ရှားမှုကို သူတို့စတင်နေ ပါတယ်။ တနင်္လာနေ့ညတိုင်းမှာ ရန်ကုန်မြို့လယ်မှာရှိတဲ့ တောင်း ရမ်းစားသောက်သူတွေ၊ ချို့တဲ့သူ တွေ၊ နာမကျန်းဖြစ်နေသူတွေကို အဲ့ဒီ လူငယ်တစ်စုကသူတို့မှာ ရှိတဲ့ ပိုက်ဆံတွေစုပြီး အစားအ   သောက်တွေဝယ်ပြီး လှူဒါန်းတဲ့ လှုပ်ရှားမှုပါ။ တချို့ဆင်းရဲနွမ်းပါး သူတွေဆို တနင်္လာနေ့ရောက် တိုင်း သူတို့အဖွဲ့ကိုမျှော်နေလေ့ရှိ ကြတယ်။

”စိတ်တူတဲ့လူငယ်တွေ စုပြီး စလုပ်ဖြစ်ကြတာ။ ကျွန်တော်တို့ အနေနဲ့ ငွေကြေးအများကြီးမတတ် နိုင်ပါဘူး။ ဒါပေမဲ့ရှိတဲ့ လူငယ်ေ လး တွေစုပြီး သူတို့ရှိတဲ့ပိုက်ဆံတွေနဲ့ အစားအစာတွေ ဝယ်တယ်။ ပြီး တော့ ခုလို လိုက်ဝေပေးတာပါပဲ။ အများကြီးမဟုတ်တောင် သူတို့ မိသားစုတွေအတွက် တစ်ရက်စာ ကို လုံလုံလောက်လောက် စား သောက်စေချင်တယ်။ နောက်တစ် ခုက ကျွန်တော်တို့ကအစား အစာ တွေကို လမ်းဘေးမှာ နွမ်းနွမ်းပါး ပါး ရောင်းနေရတဲ့သူတွေဆီက ဝယ်တာများတယ်”လို့ Food Not Bombs  ကို လုပ်ဆောင်နေတဲ့ ကိုသီဟက ရှင်းပြပါတယ်။

သူတို့တွေကလူစုံ၊ အစားအ သောက်နဲ့ ရေသန့်တွေဝယ်ပြီးတာ နဲ့ ဆူးလေမီးပွိုင့်ကနေ စထွက်ပြီး ရွှေဘုံသာလမ်းဘက်ကို သွားတယ်။ အဲ့ဒီကနေမှတစ်ဆင့် ဘူတာကြီး ဘက်ကို ပြန်လာပြီး လမ်းတစ် လျှောက်က နွမ်းပါးသူတွေကို အ စားအသောက်တွေ ဝေပေးတာ ပါ။ နွမ်းပါးသူ အမျိုးသမီးတစ်ယောက် ဆိုရင် သူတို့တွေကို ရင်းရင်းနှီးနှီး နဲ့ ”ဒီနေ့ မောင်လေးတို့ နောက်ကျ တယ်နော်”လို့ေ တာင်   နှုတ်ဆက် လိုက်ပါသေးတယ်။

သူတို့အဖွဲ့ဟာ အ စားအသောက်တွေ လိုက်ဝေရင် သွားရာ လမ်းတစ်လျောက်မှာ ပြန့် ကျဲနေတဲ့ အမှိုက်တွေကိုကောက်ပြီး အမှိုက် ပုံလေးတွေ လုပ်ပေးခဲ့ကြ တယ်။ လာမသိမ်းတဲ့ အမှိုက်တွေနဲ့ ပုံထားတဲ့အမှိုက်တွေကိုတော့ သူတို့ အလုပ်မဟုတ်ဘူး စည်ပင်ရဲ့ အလုပ် လို့ပြောတယ်။ လမ်းပေါ်မှာ ပြန့်ကျဲနေတာကိုပဲ စည်းကမ်းတ ကျ     လမ်းဘေးပုံပေးကြတယ်။
အဲ့ဒီလို အစားအသောက်တွေ လိုက်ဝေ၊ အမှိုက်တွေလိုက်ကောက် ပြီးတာနဲ့Sakura Towerရှေ့က ပလက်ဖောင်းပေါ်မှာအား လုံးပြန်ဆုံကြ၊ တစ်စုတည်းဝိုင်းထိုင်ကြပြီးရှေ့ဆက်လုပ်မယ့် အကျိုးပြုလုပ် ငန်းတွေအတွက် ဆွေးနွေးကြသ လိုဗဟုသုတရစေမယ့်
အတွေးအခေါ်တိုးတက်စေမယ့် စကားဝိုင်းတစ်ခုကို လည်းလုပ်ကြတယ်။


တကယ်တော့ သူတို့ရဲFood Not Bombs  လှုပ်ရှားမှုဟာ တိတ် တဆိတ်နဲ့ပဲ ကိုယ့်ပတ်ဝန်းကျင် သေးသေးလေးကို အကျိုးပြုနေတဲ့ လှုပ်ရှားမှုဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီလို အကျိုးပြုလှုပ်ရှားမှုထဲမှာ မြန်မာပြည်က လူငယ်တွေတင် မ ဟုတ်ဘဲ အင်္ဂလန်၊ ပြင်သစ်၊ ချက် စတဲ့ဥရောပနိုင်ငံကနေ မြန်မာ ပြည်မှာအလုပ်လာလုပ်နေ သူတွေ ကပါ ဝင်ပြီးပူးပေါင်းဆောင်ရွက် ပေးနေတာကိုလည်း တွေ့ရပါတယ်။ 

   ”ဒီလှုပ်ရှားမှုက နယ်နိမိတ်မရှိ ဘူး။ ဘယ်နိုင်ငံသားဆိုတာမရှိဘူး။ လူသားတွေဖြစ်တဲ့အတွက် လူသား တွေအချင်းချင်း အပြန်အ လှန်အကျိုးပြုဖို့ပဲဖြစ်တယ်။ အမျိုးသား၊ အမျိုးသမီးအားလုံးပါတယ်။ မန္တ လေးမှာလည်း ကျွန်တော်တို့ရဲ့ Food Not Bombs လှုပ်ရှား မှုရှိ တယ်။ ဒီလှုပ်ရှားမှုမှာ နိုင်ငံခြား သားတွေပါတယ်။ သူတို့ဒီရောက် တဲ့အခါ သူတို့ကို ကျွန်တော်တို့က ကူညီတယ်။ ကျွန်တော်တို့တွေ သူတို့နိုင်ငံတွေကို ရောက်တဲ့အခါ မှာ လည်းသူတို့က ကျွန်တော်တို့ကို ကူညီမယ်။Food Not Bombs ဆို တာ သူတို့နိုင်ငံတွေမှာလည်း ရှိပါ တယ်”လို့ ကိုသီဟက ဆက်ပြော ပြတယ်။

သူတို့ဟာ အတွေးအခေါ် လွတ်လပ်သူတွေလို့ ခံယူထားသူ တွေဖြစ်လို့ ”ကျွန်တော်တို့တွေ မ နှစ်သက်တာတွေကလူသား မဆန် မှုတွေ၊ မတရားမှုတွေ၊ လူအချင်းချင်းအနိုင်ကျင့်စော်ကားမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အထက် အောက်ဖိနှိပ်မှုတွေနဲ့ အကျင့်ပျက်   ခြစားမှုတွေအစရှိတဲ့ လူ့အခွင့်အ ရေး ချိုးဖောက်မှုတွေပဲ ဖြစ်တယ်။လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို တန်ဖိုးထားတယ်။ စစ်ပွဲတွေ၊ ဖက် ဆစ်ဝါဒနှင့် နာဇီလက်သစ်တွေ၊ အရင်းရှင်ဝါဒတွေ၊ လိင်ခွဲခြားမှု တွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ သ ဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှုတွေ၊ တိရစ္ဆာန် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အာဏာရှင်ဝါဒနဲ့ စစ်ဝါဒတွေ၊ ပြီး တော့ အကြမ်းဖက်ဝါဒတွေ အား လုံးဟာကျွန်တော်တို့ မနှစ်သက် တာတွေဖြစ်တယ်”လို့ သူတို့ထဲက တစ်ယောက်က ပြောပြတယ်။

သူတို့အနေနဲ့ ခုလိုလှုပ်ရှားမှု တွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တန်ဖိုးထားပြီး လူသားချင်းစာနာ တဲ့ လှုပ်ရှားမှုဖြစ်သလို လူငယ်တွေ ဗဟုသုတနဲ့ အသိဥာဏ်ပြည့်ဝလာ ဖို့ကိုလည်းBook Not Bombs ဆို တဲ့ လှုပ်ရှားမှုကို စတင်တော့မယ် လို့လည်း သူတို့က ပြောပါတယ်။ 

   ‘Book Not Bombs ဆိုတာ က လူစည်ကားရာတွေမှာ စာအုပ် စင်လေးတွေ လိုက်ထားပေးဖို့ ရည် ရွယ်တာပါ။ ဘူတာလို၊ အချို့ဆိုင်   တွေလို နေရာမျိုးမှာ စာအုပ်စင် လေးတွေ ထားပေးမယ်။ စာအုပ် ဖတ်ချင်တဲ့သူက စာအုပ်တွေကို ယူဖတ်လို့လည်းရတယ်။

တကယ်  လို့ အခြားနေရာမှာစာအုပ်စင်လေး တွေ့ရင် ပြန်ထားပေးလို့ရတယ်။ ကိုယ့်အိမ်မှာကိုယ်ဖတ်ပြီးလို့ စာ အုပ်လေးတွေရှိရင်လည်း ကြိုက်တဲ့Book Not Bombs  စာအုပ်စင်မှာ ပြန်ထားလို့ရမယ်။ အဓိကရည်ရွယ် ချက်ကတော့ လူငယ်တွေစာများ များဖတ်ပြီး
အတွေးအခေါ်တွေ တိုးတက်လာဖို့ပဲ ဖြစ်ပါတယ်” လို့ ကိုသီဟက ပြောပါတယ်။


ပြီးခဲ့တဲ့ လပိုင်းက မြန်မာနိုင်ငံ မှာရေကြီးရေလျှံမှုတွေဖြစ်တုန်းကလည်းသူတို့အဖွဲ့တွေဟာ သူတို့ တတ်တဲ့ ဂီတပညာနဲ့ ရန်ကုန်မြို့ လမ်းမတွေမှာအလှူခံခဲ့ပြီးရေဘေး သင့်ပြည်သူတွေအတွက် တစ်ဖက် တစ်လမ်းက အကူအညီအထောက် အပံ့ရအောင်လည်း
လုပ်ဆောင် ပေးခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာအခုလိုအစားအသောက်တွေ တတ် နိုင်သလောက်ဝေငှတာတွေ အမှိုက် ကောက်တာတွေ လုပ်ပေးနေတဲ့ အပြင် တစ်ခါတစ်ရံမှာရန်ကုန်မြို့ ကမဟုတ်တဲ့ ချို့တဲ့ကလေးတွေအ တွက်လည်း စာရေးကိရိယာတွေ၊ အစားအေ သာက်တွေ ပေးကမ်းမှု တွေလုပ်ကြပါတယ်။


လူအများကပေါ့ပျက်ပျက်နေ တယ်လို့ အထင်ခံရတဲ့ ဒီလူငယ် တွေက တကယ်တော့သူတို့ကိုအ မြင်နဲ့ဆုံးဖြတ်တဲ့သူတွေထက်ကိုသူ တို့ယုံကြည်ချက် သူတို့ခံယူချက် တွေနဲ့ ဆက်ပြီးသူတို့ရဲ့ လူလူချင်းအကျိုးပြုလုပ်ငန်းတွေကိုဆက်ပြီးလုပ်ဆောင်သွားဦးမှာဖြစ်တယ်လို့ ဆုံးဖြတ်ထားကြပါတယ်။
တနင်္လာညများဆို လယ်သာ အင်္ကျီအနက်၊ ဖင်ကျပ်ဘောင်းဘီ တွေနဲ့ ထိုးထိုးထောင်ထောင်ဆံပင် တွေ၊ ဆေး မင်ကြောင် မျိုးစုံနဲ့   မြင် နေကျပုံစံ မဟုတ်တဲ့လူငယ်တွေ ကို ဆူးလေမီးပွိုင့်နားမှာ မြင်ကြ ရပါလိမ့်မယ်။ သူတို့ဟာ အုပ်စုဖွဲ့ မူးယစ်ရမ်းကားဖို့ မဟုတ်ပါဘူး။ 

 အသံသေးအသံကြောင်တွေနဲ့ ပတ်ဝန်းကျင်ကို နှောင့်ယှက်ဖို့လည်း မဟုတ်ပါဘူး။ လူ့တန်ဖိုးဆိုတာ အ ပေါ်ယံအဝတ်အစား အသွင် အပြင် တွေနဲ့သာ ဆုံးဖြတ်နိုင်တာမဟုတ် ဘူးလို့ သူတို့သက်သေပြနေတာလို့ ယူဆနိုင်ပါတယ်။
တကယ်တော့ Food Not Bombs ဆိုတာ လောကရဲ့ တစ် ထောင့် တစ်နေရာကနေ လူသား တန်ဖိုးအတွက် တနိုင်တပိုင်ကွက် လပ်လေးကိုဖြည့်ပေးနေတဲ့ လူသား ချင်းစာနာမှု လက်တွေပါပဲ။ မေး ခွန်းတွေရှိပါလိမ့်မယ်။

ပုတ်ထုတ်မလား။ ဆုပ်ကိုင် မလား။

Thursday, October 29, 2015

မြန်မာပြည်ဖြစ် ကလေးပို့ကုန်အသစ်


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့လယ်ကောင်အတွင်း ဖွင့်လှစ်ထားသည့် KFC ကြက်ကြော်ဆိုင် အပြင်ဘက်တွင် ကလေး အချို့ ရှိနေကြသည်။သူတို့၏ သွင်ပြင်လဏ္ခဏာက ချေးအထပ်ထပ်အဝတ်အစားများ နှင့်ဖြစ်ပြီး ဖိနပ်မပါဆော့သူဆော့၊ တစ်ယောက်နှင့် တစ်ေ ယာက်တွန်း တိုက်မှုပြုသူကပြု၊ ရန်ဖြစ်သူကဖြစ် အစရှိသည်ဖြင့် ပုံစံအမျိုးမျိုးနှင့်ဖြစ်သည်။ သို့သော်လည်း တူညီသော လှုပ်ရှားမှုတစ်ခုက လမ်းသွားလမ်းလာတို့ကို လက်ကလေးဖြန့်ပြီး ပိုက်ဆံတောင်းနေကြခြင်းပင် ဖြစ်သည်။ အချို့ကတော့ ဆိုင်ထဲမှ စားသောက်ပြီး  ပြန် လည်ထွက်လာ သူတို့ထံသွားပြီးတောင်းကြသည်။ထိုထဲမှ အသက် ၁၂ နှစ်အရွယ်ရှိ  မြန်မာကောင်လေး ညီညီတစ်ယောက်ကတော့ ဆိုင် ထဲမှ ပြန်ထွက်လာသည့်  သမီးရည်းစားစုံတွဲတစ်တွဲထံ ပြေးသွားလိုက်ပြီး မလေးဘာသာစကားဖြင့် ”စတက်က မကာနစီ” (သားဗိုက်ဆာ လို့ မုန့်ဖိုးပေးပါလား)ဟု ပြောလိုက်သည်။ သူထိုသို့ ပြောပြီး အချိန်သိပ်မကြာလိုက်။   သဘောကောင်းသည့် အစ်ကိုထံမှ မလေး ရှားရင်းဂစ် ၁ဝ တန်တစ်ရွက်ထွက်လာသည်။ ပြုံးပြီး ပိုက်ဆံထံ လက်လှမ်းလိုက်ချိန်တွင် ထိုအစ်ကိုက သူ့ကို မလေးစကားဖြင့် စ ကားပြောလိုက်သည်။ သူဘာမှနားမလည်။ ထို့အတွက်ကြောင့် ” စတက်က မကာနစီ”ဟုသာ သူထပ်ပြောလိုက်သည်။ထိုအစ်ကိုက စ ကားဆက်ပြောနေ၍ သူပေးထားသည့် ပိုက်ဆံကို လက်ထဲဆုတ်ပြီး တစ်နေရာကို ထွက်ခဲ့သည်။

”မထွက်သွားလို့ ဆက်ပြောနေလည်း သူပြောတာ သားမှမသိတာ”ဟု မောင်ညီညီကပြောသည်။ လူသားအားလုံးက နိမ့်ကျသောအ လုပ် တစ်ခု၊ ရှက်ရွံ့ဖွယ်အလုပ်တစ်ခုဟုသတ်မှတ်ထားသည့် အလုပ်ကို ညီညီသည် နေ့စဉ်ကြုံတွေ့နေရ သည့် နှိပ်စက်ညှဉ်း ပန်းမှု တို့ကြောင့် မရှက်မကြောက်လုပ်နေရသည်။ ”သား ပိုက်ဆံမတောင်းချင်ဘူး။ ဒါပေမဲ့ သူတို့ရိုက်မှာကြောက်တယ်” ဟု မျက်လွှာအစုံကို ချ ကာ ပြောပြနေသည်။ မလေးရှားနိုင်ငံရှိ လူစည်ကားရာနေရာတွင် အခြားသော မလေးလူမျိုးလူငယ်လေးအချို့နှင့်အတူ မောင်ညီညီကဲ့သို့ မလေးစကားမတတ်သော နိုင်ငံခြားသားကလေးများ ရှိကြသည်။၎င်းတို့ထဲမှ အချို့သည် ခေတ်သစ်ကျွန်ပြုမှုဖြင့် သူတောင်းစားအဖြစ် ခိုင်းစေခံထားရသူတို့ ဖြစ်နေကြသည်။

မြန်မာကလေးတွေ
နိုင်ငံခြားဘယ်လိုရောက်
”သား ဗန္ဓုလလမ်းပန်းခြံမှာ ဆော့နေတုန်းခေါ်သွားတာ” ဟု မလေးရှားရောက် မြန်မာကလေးငယ်တစ်ဦးကပြောသည်။ သူ့လိုပင် အုပ်ထိန်းသူတို့မပါ ဘဲနေအိမ်ပြင်ပသို့ သွားလာခဲ့ကြသည့် အခြားကလေးငယ်အချို့ကို လူကုန်ကူးသူများက အကြောင်းအမျိုးမျိုးဖြင့် မလေးရှားသို့ ခေါ်လာခဲ့ကြသည်။ အချို့က ချမ်းသာသွားလိမ့်မည်ဟု ပြောခေါ်လာ၍လိုက်လာ သူလည်းရှိသည်။ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ လေယာဉ်ဖြင့် သွားလျှင် ၃ နာရီကြာသည့် မလေးရှား ကွာလမ်လာပူ မြို့ခရီးစဉ်ကိုကလေးငယ် တို့မှာ ကား လမ်း၊ ရေလမ်းအသွယ်သွယ်ဖြင့် နာရီပေါင်းမြောက် မြားစွာကြာအောင်အောက်လမ်းမှ နေ၍၃၊ ၄ ရက်ကြာအောင် သွားခဲ့ရသည်။ ကလေးခိုးဂိုဏ်း၏ လက်တံရှည်မှုကြောင့် ရန်ကုန်မှ ကော့သောင်း၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်း၊ယင်းမှ မလေးရှားနိုင်ငံ ကွာလမ် လာပူမြို့တောင်ပိုင်းဒေသသို့ အတားအဆီးမရှိဘဲ ခရီးဆက်နိုင်ခဲ့ကြသည်။ ကလေးခိုးဂိုဏ်းနှင့် ပါသွားသူ ကလေးငယ်တစ်ဦးက ၎င်း အပါအဝင် ကလေးငယ် စုစုပေါင်း ၅ ဦးတို့ သည် ထိုနည်းအတိုင်းသွားခဲ့ရသည်ဟု ပြောပြသည်။ ”လမ်းမှာ သားတအားအိပ်ချင်ခဲ့တယ်။ ကျန်တာတော့ သားမသိတော့ဘူး။ ကျန်တဲ့သူတွေလည်း သားလိုပဲအိပ်နေတာတွေ့တယ်” ဟု ၎င်းကပြောသည်။

နိုင်ငံခြား ရောက်ပြီ
လူကုန်ကူးသူတို့သည် ရန်ကုန်ကဲ့သို့ပင် အခန်းကျဉ်းကျဉ်း၊အထပ်မြင့်မြင့် တိုက်ခန်းများဆီသို့ ၎င်းတို့ ကိုခေါ်သွားပြီး၊ သူတို့ကဲ့သို့ပင် အရင် ရောက်နေသည့် ကလေးတို့နှင့်အတူ ကြမ်းပြင်ပေါ်တွင် အိပ်စက်ခဲ့ရသည်။ ”မီးတွေ တအားလင်းထိန်နေတာပဲ။ နောက်ပြီး တိုက်တွေက ရန်ကုန်ထက် အများကြီးမြင့်တယ်”ဟုသူကပြောသည်။ ထိုမြင်ကွင်းမျိုးကို မြင်ခဲ့ရ၍ အစပထမတွင် ပျော်ရွှင်ရတော့မည်ဟု သူမျှော်လင့်ခဲ့သော်လည်း အိပ်စက်မှုမှ နိုးလာပြီးနောက် ပျောက်ကွယ် သွားခဲ့ရသည်ဟု သူကပြောသည်။ ”ခြေထောက်တွေနဲ့ ကန်ပြီးနှိုး တယ်။ ဗိုက်ဆာတယ်လို့ ပြောတော့လည်း မကျွေးဘူးလို့ပြောပြီး ဇက်ပိုးအုပ်တယ်”ဟု သူကပြန် ပြောပြသည်။ ပထမနေ့တွင် သူအပါ အ ဝင် ကလေးငယ် ၅ဦးကို မြန်မာစကားတတ်သည့် အသားညိုညိုလူကြီးတစ်ဦးက မလေးစကားတစ်ခွန်းကို စသင်ပေးရင်း၊ ရှောရှောရှူရှူမ ရ သည့်အတွက်ကြောင့် အားလုံးအရိုက်ခံခဲ့ရသည်ဟု အထက်ပါကလေးငယ်နှင့် အတူလွတ်မြောက် လာသည့် ကလေးငယ်တစ်ဦးထံမှ သိရသည်။

ကြမ်းတမ်းသော
ဘဝ နေ့ရက်များ
မနက် ၆ နာရီတွင်ကလေးများ အကုန်အိပ်ရာမှ ထကြရပြီး ၇ နာရီအရောက်တွင် ကားတစ်စီးက သူတို့ကိုလာခေါ်သည်။ ဗလီများ နှင့် လူစည်ကားရာ ဈေးများ၊ ဆိုင်များရှေ့တွင် အသီးသီး ထားခဲ့ကြသည်။ ကလေးများချည်းမဟုတ်ဘဲ မလှမ်းမကမ်းတွင် စောင့်ကြည့်သူတို့နှင့် ထားခဲ့ခြင်းဖြစ်သည်။”စတက်က မကာနစီ” ၊”စတက်က မကာနစီ” ဟုအကြိမ်ကြိမ်ရွတ်ဆိုရင်း ကားပေါ်တွင် မေ့သွားသေး၍ သူနှင့်ပါလာ သူ မြန်မာတစ်ဦးဆီ လှမ်းမေးဖြစ်ခဲ့သေးကြောင်း အဆိုပါ ကလေးငယ်က ပြောသည်။ စစခြင်း နေ့ရက်လည်းဖြစ်၊ စကားလည်း မပြော တတ်၍ ပိုက်ဆံ တစ်ပြားမှမရခဲ့ရာ အပြန်အိမ် သို့အရောက် ဆော်ပလော်တီးခံခဲ့ရသည်ဟု ကျောနှင့် တင်ပါးမှ ဒဏ်ရာအမာ ရွတ်တို့ ကိုပြ ရင်းပြောသည်။ မုန့်ပေါင်းဟုခေါ်သည့် အစားအစာတစ်ချပ်ကို မနက် ၁၁ နာရီ အကျော်တွင် စားခဲ့ရပြီး ယင်းမုန့်ဖြင့်ပင် တစ်နေ ကုန်နေ ရကာ ပိုက်ဆံလိုက်တောင်းသူတောင်း၊ ဘာသာရေးစာအုပ် လိုက်ရောင်းသူ ရောင်းနှင့် ကလေးများတစ်နေ့တာကို ကုန်လွန်ခဲ့ရသည်။ မလေးပိုက်ဆံ ရင်းဂစ် ၂ဝဝ ကို နေ့စဉ်ပြည့်မီအောင် တောင်းရပြီး ပြည့်မီပါက ညစာကျွေးသည့်စနစ်ကို မြန်မာ ကလေးများအား ခိုးသွားသည့် အဖွဲ့က ကျင့် သုံးသည်။ ”မပြည့်ရင် ရိုက်တယ်။ ညစာလည်း မကျွေးဘူး”ဟု ကိုယ်တွေ့ ကြုံခဲ့သူ ကလေးငယ်ကပြောသည်။

ဒဏ်မခံနိုင်သည့် ကလေးတို့မှာ ထွက်ပြေးကြသော်လည်း အများစုမှာ မလွတ်ခဲ့ပေ။
တောင်းရမ်းစားသောက်ခိုင်းသည့်အမှုတစ်ခုကို လိုက်ခဲ့ဖူးသူ  မြန်မာနိုင်ငံလူကုန်တား ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးသက်နောင်က ၎င်းကြုံတွေ့ခဲ့သော ဖြစ်စဉ်ကို ပြောပြရာတွင်”ကျွန်တော်တို့လိုက်ခဲ့ဖူးတဲ့ အမှုတစ်ခုမှာဆိုရင် မောင်ဖြစ်တဲ့ ၈ လသားကို တောင်းခိုင်း တဲ့ သူက အိမ်မှာခေါ်ထားပြီး အစ်မလုပ်သူ ကို ပိုက်ဆံလိုက်တောင်းခိုင်းတယ်။ သူတို့လိုသလောက်မရရင် ၈ လသားကလေးလေးကို အစ် မရှေ့မှာ နှိပ်စက်ပြတယ်။ အဲ့ဒီလောက်ရက် စက်တယ်” ဟု ၎င်းက ဆိုသည်။

ရအောင် ရုန်းထွက်ပြီ
တင်းကျပ်သည့် စည်းကမ်းချက်များကြားထဲ ထွက်ပြေးရန် မြန်မာကလေးငယ်နှစ်ဦးက နေ့စဉ်စဉ်းစားနေရင်း ၇ လအကြာ တွင်ေ တာ့ မြန် မာလူမျိုးတစ်ယောက်၏အကူအညီဖြင့် လွတ်မြောက်သွားသည်။ ၃ ကြိမ်မြောက်ထွက်ပြေးရင်း ကလေးခိုးဂိုဏ်း လိုက်မ လာနိုင်ေ သာ ရထားဘူတာရုံထဲ ပြေးဝင် ရင်း၊ ဘုရားကျောင်းထဲ ခေတ္တခိုကာ  မြန်မာသံရုံးမှတစ်ဆင့်မြန်မာနိုင်ငံ သို့ရောက်ရှိခဲ့ရသည်။ ”သားတို့ ၂ ခါ ထွက်ပြေးတာကိုမိတော့  သားတို့ပါးစပ်ထဲအဝတ် ထည့်ပြီးရိုက်တယ်။ နောက်ရက် ပိုက်ဆံတောင်ထွက်မတောင်းနိုင်ခဲ့ဘူး”ဟုသူတို့ ၂ ဦး ကပြောပြသည်။ 

ပထမနှစ်ကြိမ်စလုံးသည် ပြင်ပတွင် တောင်းရမ်းနေရင်းထွက် ပြေးခြင်းဖြစ်သော်လည်း နောက်ဆုံးအကြိမ်မှာမူ ထိန်း သိမ်းထားသည့် ၁ဝ လွှာအခန်းမှဖြစ်သည်ဟု ၎င်းတို့က ဆိုကြသည်။ကလေးများ ပြန်လည်လွှတ်မြောက်လာရပုံနှင့် ပတ်သက်၍ မြန် မာနိုင်ငံ လူကုန်တားရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက  ”ကလေးတွေက သူတို့ဟာသူ တို့ထွက်ပြေးလာကြတာ။ ပြီးတော့ တစ် ဆင့်ချင်း သံရုံးကိုရောက်တယ်။ သံရုံးကနေ မြန်မာနိုင်ငံကို  ပြန်ရောက်လာတယ်။ တပ်ဖွဲ့ထဲမှာပဲ ခဏစောင့်ရှောက်ထားတယ်။ ပြီးတော့ အမှုဖွင့်တာတွေလုပ်ပြီး မိသားစုကို ပြန်အပ်လိုက်ပါတယ်”ဟုပြောသည်။

ရဲတပ်ဖွဲ့ခေါင်းပူပြီ
အစိုးရအဖွဲ့သစ်လက်ထက် နှစ်စဉ်တိုးတက်လာနေသော မှုခင်းကိန်းဂဏန်းထဲတွင် လူကုန်ကူးခံရမှု ကိန်းဂဏန်းတို့လည်း ပါဝင်နေ သည်။ထိုထဲတွင် သားမယားအဖြစ် လူကုန်ကူးခံရမှု၊ အတင်းအဓမ္မခိုင်း စေခံရမှု၊ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရမှုစသည့် အမှုအပြင် ဆန်းပြားသည့် အပျိုစင်ဈေးကွက်အတွက်လည်း မြန်မာမိန်းကလေးငယ်များ မကြာသေးမီကပုံစံသစ်ဖြင့် လူကုန်ကူးခံနေရ သည်။ လူကုန် ကူးခံနေရမှု ခေါင်းစဉ်အသစ်တစ်ခု တိုးချဲ့လိုက်ပြီး သိပ်မကြာမီမှာပင် ယခုတောင်းစားရန် အလို့ငှာ ပြည်ပ သို့ မြန်မာ ကလေးငယ်များ တင်ပို့ နေသည့် ဈေးကွက်က ထပ်ပေါ်လာသည်။ပြင်ပတွင်ကလေးများ ပျောက်ဆုံးနေမှုကို အဖြေမရှာနိုင်သေးခင်မှာပင် ယခုကဲ့ သို့ ဖြစ် စဉ်က ပေါ်လာရာ လူပျောက်တိုင်ထားသော မိဘများ၏ စိုးရိမ်မှုကမြင့်တက်လာ သည်။ ထို့အတွက်ကြောင့် ရဲတပ်ဖွဲ့ထံ ဖိအားတို့ ရောက် လာသည်။ မကြာမီက မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသည့် ကလေးငယ်နှစ်ဦးကို ပြည်ပပို့ခဲ့သူထဲမှ ဒလမြို့နေ ၂ ဦးကိုသာ ရဲက ဖမ်းနိုင်သေးသည်။ ကျန်နှစ်ဦးလွတ် နေ၍ ဖမ်းဝရမ်းထုတ်ထားရသည်။ကွင်းဆက်များ ချိတ်ဆက်လိုက်သည့်အတွက်အမှုက ကြီးနေ သည်။ မလေးရှားတွင် ကျန်နေသေးသော ကလေးငယ်တို့ကိုလည်း ကယ်တင်နိုင်ရန် ရဲက မလေးရဲနှင့်အပူတပြင်း ချိတ် ဆက်ေ ဆာင် ရွက်နေကြောင်း ပြောသည်။ အဘယ့်ကြောင့်ဆိုသော် ယခုအမှုက သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပထမဦးဆုံး အမှု ဖြစ်နေ ၍ဖြစ် သည်။

ဤအစိုးရသစ် သက်တမ်းအတွင်း ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ကလေးတွေ ဘယ်လောက်ထွက်နေလဲ
ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPPCR) ၏ ထုတ်ပြန်ခဲ့သော စာရင်းအရ ကလေးများကာ ကွယ် စောင့်ေ ရှာက်နေသောအဖွဲ့အစည်းများက ကယ်ဆယ်ခဲ့ရသော နိုင်ငံခြားရောက် ခိုင်းစေခံရသော မြန်မာကလေးအရေအတွက်မှာ ၂ဝ၁၁မှ ၂ဝ၁၃ ခုနှစ်အတွင်းမှာပင် ခုနစ် ရာကျော်ရှိနေကြောင်း ထုတ်ဖော် ပြောကြားထား သည်။ နိုင်ငံရပ်ခြား သို့ မြန် မာနိုင်ငံမှကလေးများ လူကုန်ကူးခံရ၍သော်လည်းကောင်း၊ ခိုးယူခံရ၍ သော်လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် ပို့ဆောင်ခံနေရသည့် နိုင်ငံများထဲတွင် မလေး ရှားနှင့် ထိုင်းနိုင်ငံက အများဆုံးဖြစ်သည် ဟု  ရဲတပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြောကြသည်။ မြန်မာနိုင်ငံ လူကုန်တားရဲ တပ် ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရဲတပ်ဖွဲ့မှ သတင်းမရရှိလိုက်ဘဲ တိုင်းတစ်ပါးသို့ လူကုန်ကူးခံရကာ ရောက်ရှိသွားပြီး ခိုင်းစေခံနေရ သည့် မြန် မာကလေးငယ်များ များစွာရှိနေနိုင်သေးကြောင်း သူ၏အမြင်ကို ပြော ပြသည်။

ဒီလိုအဖြစ်အပျက်မျိုးတွေ အရင်ကရှိခဲ့ဖူးသလား
တပ်မတော်အစိုးရ အုပ်ချုပ်သည့် ၂ဝဝ၇ ခုနှစ်က မလေးရှားတွင် တောင်းရမ်းနေသည့်  မြန်မာကလေးငယ်အချို့ကို မလေးရဲက တွေ့ သွားပြီး မြန်မာရဲထံအကြောင်း ကြားရာမှတစ်ဆင့် ကလေးခိုးသူအချို့ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ဖူးသည်။ ထိုစဉ်က အမှု ၃ မှုဖွင့်ခဲ့ရ သည် ဟု မြန်မာနိုင်ငံလူကုန်တားရဲ တပ်ဖွဲ့မှ ဒုရဲမှူးမင်းနိုင်ကပြောသည်။ ထိုအမှုတို့က ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၊ ဧရာဝ တီ တိုင်းဒေသကြီး ပုသိမ်မြို့နယ် နှင့် မန္တလေးတိုင်း ဒေသကြီး မတ္တ ရာမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်။ ရန်ကုန် တွံတေးအမှုမှာ ပွဲစားမှ  ကလေးမိခင်ထံ အသက် ၇ နှစ်နှင့် ၁၁ အရွယ်ရှိ ကလေးငယ်တို့ကို နယ်စပ်တွင် ဂျာနယ်ရောင်းရင်း တစ်လ ကျပ် ၃ဝဝဝဝ ရမည် ဟု ခေါ် သွားရင်း တောင်းရမ်းရန် မလေးရှား ပို့လိုက်သည်။

”ပိုက်ဆံတောင်းနေတဲ့အချိန် မလေးရဲက ဖမ်းလိုက်တော့မှ လူကုန်ကူးခံရတာမှန်းသိပြီး သံရုံးက နေတစ်ဆင့် အဲ့ဒီတုန်းက ကလေးေ တွ မြန်မာနိုင်ငံကို ပြန်ရောက်လာတာ။ သူတို့ကို ကုန်ကူးတဲ့ပွဲစားကို တော့ဖမ်းမိလိုက်တယ်။ စမ်းချောင်းထဲမှာနေတာ။ တစ်ယောက် တည်း လုပ်တာပဲ။ ထောင်ဆယ်နှစ်ကျ သွားတယ်”ဟု ဒုရဲမှူးမင်းနိုင်က ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ နယ်တွင် ဖြစ်ပွား ခဲ့သော အမှု ကို ပြန်လည်ပြောပြသည်။ထို့အပြင် မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း လူပွဲစားများက အသက် ၇ နှစ်ဝန်းကျင်အရွယ်ရှိ ကလေးငယ်ခြောက်ဦးကို မလေးရှားနိုင်ငံသို့ပို့ဆောင် လိုက်သည့် မှတ်တမ်းတို့ရှိသည်ဟု မြန်မာနိုင်ငံလူကုန်တားရဲတပ်ဖွဲ့မှ အကြီး တန်း ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ထိုအမှုတို့တွင် တရားခံတစ် ဦးကိုသာ ဖမ်းဆီးရမိလိုက်ပြီး ကျန်သူများမှာ ယနေ့အ ချိန် ထိထွက်ပြေးလွတ်မြောက်နေဆဲဖြစ်နေကြသည်။

မြန်မာကလေးတွေ အများကြီး
ကျန်သေးတယ်လို့ပြော
မကြာမီက ထွက်ပြေးလွတ်မြောက်၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာကလေးငယ်တစ်ဦးက ၎င်းကဲ့သို့ပင် မလေးရှား သို့ရောက်ရှိပြီး တောင်းစားနေသော မြန်မာကလေးများ မလေးရှားနိုင်ငံတွင် ကျန်ရှိနေသေးကြောင်းပြောသည်။ ၎င်းကိုယ်တိုင် တွေ့ခဲ့ ရကြောင်းဆိုကာ ၎င်းနေထိုင်ခဲ့ရသည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ စင်နီနီလမ်းရှိနေအိမ်တွင်ပင်  မြန်မာနိုင်ငံသား ကလေးငယ် အ များစုပါသည့် ကလေးအယောက် ၄ဝ ခန့် ကျန်ခဲ့ကြောင်း ပြောသည်။  ”မြန်မာနိုင်ငံက ကလေးတွေလည်းအများကြီးပဲ။ သူတို့နဲ့ က စားလို့ရတယ်။ တချို့က သားထက်ကြီးတယ်။ တချို့က သားထက်ငယ်တယ်” ဟု ၎င်းကပြောသည်။ ယင်းစကားကြောင့် ရဲကအပူ တပြင်း ရှာဖွေစုံစမ်းနေကြသည်။

နောက်အစိုးရအတွက်
သတိပေး ခေါင်းလောင်းသံ
နိုင်ငံ၏ လက်ရှိအခြေအနေသည် ဆင်းရဲနေသည်။ ပြည်ပမှ သွင်းသည့်ကုန်က ပြည်တွင်းကပို့သည့်ကုန်ထက်များနေ၍ ကမ္ဘာ့ဘဏ် က ရေရှည်တွင် ပြဿနာတက်နိုင်ကြောင်း သတိပေးလာသည်။ ယင်းအတွက်ကြောင့် ပို့ကုန်အသစ်များထုတ်ပြီးပို့ရန် လမ်းညွှန်လာသည်။ သဘာဝသယံဇာတများ၊ လူသားအရင်းအမြစ်များသာ ပြည်ပသို့ထွက်နေသည့် နိုင်ငံသည် အရွယ်မရောက်သေးသော ကလေးများပါ လိုက်ထွက်နေရလျှင် မကြာမီ ချောက်ထဲကျတော့မည်ဟု အရပ်ဘက် လူ့အဖွဲ့အစည်းတို့က ထောက်ပြလာသည်။

 မကြာသေးမီကပင် မလေးရှားမှ ပြန်လာသည့် မြန်မာကလေးငယ်တို့၏ ဖြစ်ရပ်က မြန်မာတစ် နိုင်ငံလုံးရှိ ကလေးသူငယ်များ အပါအဝင် အုပ်ထိန်းသူ မိဘများ အားလုံး၏ မေ့လျော့နေမှုကိုသတိ ပေးလိုက်သလိုပင်။ အားလုံးသတိထား ကာကွယ်ရတော့မည့် ကိစ္စတစ်ခုပင်ဖြစ်လာသည်ဟု လူကုန် တားရဲတပ်ဖွဲ့နှင့် အရပ်ဘက်အဖွဲ့ အစည်းများက ပြောဆိုကြသည်။

မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော ကလေးငယ်တစ်ဦး၏ဖခင်ဖြစ်သူ ဦးကျော်ဇောက ”ကျွန်တော်တို့ ကိုယ့်သားသမီးကို ကိုယ်သေချာ ဂရုစိုက်ရမှာပေါ့ဗျာ။ ကျွန်တော့်သား ကြုံတွေ့ခဲ့ရသလိုပဲ ကျန်တဲ့သူတွေ မဖြစ်အောင်လည်း သတိထားသင့်တယ်။ သား ကတော့ကံကောင်းလို့ လွတ်မြောက် ခဲ့တယ်”ဟု ပြောသည်။ မြန်မာနိုင်ငံ လူကုန်တားရဲ တပ်ဖွဲ့မှ ရဲအရာရှိများကလည်း မိသားစု၏ အုပ် ထိန်းမှုကို ပြည့်ဝစွာပေးသင့်ကြောင်း၊ မိမိသား၊ သမီး၏ နေ့စဉ်ဖြစ်ပျက်နေမှုများကိုအတတ်နိုင်ဆုံး စောင့်ကြည့်ပေးရန်လိုကြောင်းနှင့် တစ်စုံတစ်ခုထူးခြားမှုရှိပါက လူကုန်တားရဲတပ်ဖွဲ့ထံသို့ အမြန်ဆန်ဆုံး လာရောက်သတင်း ပေးကြရန် တိုက်တွန်းကြောင်း ပြောကြသည်။ ကာယကံရှင်တစ်ဦးဖြစ်သူ မောင်ညီညီကတော့ ”သားအပြင်မသွားတော့ဘူး။ ချမ်းလည်းမ ချမ်းသာချင်တော့ဘူး။ အိမ်ရှေ့မှာ ပဲ ဘောလုံး ကန်တယ်။ သား ကားဝပ် ရှော့လုပ်ငန်းကို အဖေနဲ့အတူတူလိုက်ပြီးတော့လုပ်မယ်” ဟု ပြောသည်။

ပေါ်ပြူလာနယူးစ် သတင်းအဖွဲ့