Wednesday, September 30, 2015

ကယားထမင်းလုံး - အမဲအူဟင်းချို - ပဲကြားသီးရွက်စုံဟင်း - ကယားမှည့်ခါးသီးထောင်း



ကယား လူမျိုးတွေဟာ အသား၊ငါးတွေကို များများစားစား စားသုံးလေ့မရှိတတ်ကြပါဘူး။ ဒေသထွက်ဟင်းသီးဟင်းရွက်တွေ ကိုစားသုံးလေ့ရှိတတ်ကြသလို ဆီသုံးလည်းနည်းပါတယ်။ ဟင်းချိုမှုန့်သုံးပြီးဟင်းချက်တာနည်းပေမဲ့ အချို့တွေကလည်းသုံး တတ်ကြပါတယ်။ ပွဲတော်ရက်တွေမှာ အထူးတလည်နေ့တွေမှာတော့ အခြောက်လှန်းထားတဲ့ အမဲခြောက်တွေကို ဟင်းလျာ အမျိုးမျိုးမှာ ထည့်သွင်းချက်ပြုတ်စားလေ့ရှိကြပါတယ်တဲ့။ အသားဟင်းမစားနိုင်သူများကတော့ ပဲကြားနဲ့ အသီးအနှံမျိုးစုံကိုတစ်နေ့တစ်မျိုးချက်စား တတ်ကြပါတယ်။
အမဲသားပြုတ်ကြော်လေးတွေကို ထမင်းပူပူလေးနဲ့လုံးထားတဲ့ ကယားထမင်းလုံး၊ အထူးတလည် အမဲအူချိုဟင်းလျာ၊ ပဲကြားနဲ့ဟင်းသီးဟင်းရွက်စုံဟင်းတစ်မျိုးနဲ့အတူ အစပ်လေးစားချင်သူများအတွက် ကယားမှည့်ခါးသီးထောင်းလေးထောင်းလိုက်မယ်။
ထမင်းစားမြိန်ကြပါစေ ဘော်ဒါများ။
ကယားထမင်းလုံး
ပါဝင်ပစ္စည်းများ
ဆန်(ချက်ပြီးသား) နို့ဆီဘူး ၄လုံး၊ အမဲသား ၆၀ ကျပ်သား၊ ဂျင်း ၅ကျပ်သား၊ ကြက်သွန်ဖြူ ၅ကျပ်သား၊ ဆား စားပွဲတင်ဇွန်းတစ်ဝက်။
ပြင်ဆင်ချက်ပြုတ်ပုံ
အမဲသားကို ရေဆေးပြီး အတုံးသေးများတုံးကာ ဆားနဲ့နယ်ထားပါ။ ကြက်သွန်ဖြူ၊ ဂျင်းကိုညက်အောင်ထောင်းထားပါ။
အမဲသားကို ကြက်သွန်ဖြူ၊ ဂျင်း၊ဆားတို့ထည့်ပြီး နူးအောင်ပြုတ်ပါ။ အမဲသားနူးလျှင် ရေခမ်းအောင်ပြုတ်ပါ။
အမဲသားကို ပြုတ်လို့ နူးသွားလျှင် ချက်ထားတဲ့ ထမင်းအားလုံးကို အမဲသားနဲ့ရောထောင်းပြီး လက်သီးဆုပ်လောက် အလုံးလေးတွေရ အောင် လုံးပေးပါ။ ကယားထမင်းလုံး ပြင်ဆင်လို့ပြီးပါပြီ။
အမဲအူချိုဟင်း
ပါဝင်ပစ္စည်းများ
အမဲအူချို - ၁ပိဿာ၊ ကြက်သွန်ဖြူ ၅ကျပ်သား၊ ကယားမှည့်ခါးသီး အလုံး ၂၀၊ ငရုတ်သီးစိမ်း အတောင့် ၃၀၊ ဂျင်း လက်နှစ်ဆစ်၊ အချိုအရသာမှုန့် စားပွဲတင်ဇွန်းတစ်ဝက်၊ ဆား စားပွဲတင်ဇွန်းတစ်ဝက်။
ပြင်ဆင်ချက်ပြုတ်ပုံ
အမဲအူချိုကို သန့်ရှင်းသွားအောင် ရေနဲ့ သေသေချာချာ ဆေး၍ ၂လက်မအရွယ် အပိုင်းလေးတွေဖြတ်ထားပါ။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ မှည့်ခါးသီး၊ ဂျင်းတို့ကို အားလုံးရောထောင်းပါ။
ပြီးလျှင် ဒန်အိုးကြီးထဲတွင် အမဲအူချို၊ ထောင်းထားတဲ့ ပါဝင်ပစ္စည်းများ၊ ဆားနဲ့အချိုအရသာ၊ ရေကို မိမိလိုသလောက်ထည့်ပြီး အမဲအူချို နူးတဲ့အထိ ပြုတ်ပေးပါ။ အူချိုနူးသွားရင် စားလို့ရပါပြီ။
(အမဲအူချိုဟင်းနဲ့ ကယားထမင်းလုံးတို့ကိုတွဲဖက် ကျွေးမွေးဧည့်ခံလေ့ရှိပါတယ်။)
ပဲကြားသီးရွက်စုံဟင်း
ပါဝင်ပစ္စည်းများ
ပဲကြား ၃၀ကျပ်သား၊ ပိန္နဲသီးအစိမ်း အနေတော်အရွယ်တစ်လုံး၊ မုန်ညင်းချဉ်ခြောက် လက်တစ်ဆုပ်ခန့်၊ တောင်ယာသခွားသီး တစ်လုံး၊ ပဲတောင့်ရှည် အတောင့် ၂၀၊ ကြက်သွန်ဖြူ အနည်းငယ်၊ ငရုတ်သီးစိမ်း အတောင့် ၂၀၊ ဆား/အချိုအရသာမှုန့် အနည်းငယ်။
ပြင်ဆင်ချက်ပြုတ်ပုံ
ပဲကြားကို နှစ်ခြမ်းခွဲပြီး ထောင်းပါ (သို့)ကြိတ်ပါ။ ပိန္နဲသီးအစိမ်းကို အပေါ်ယံဆူးခွံပါတဲ့ အခွံကိုဖယ်ပြီး အတွင်းမှ အသားနုနုကို အနေတော်အတုံးတုံး၍ ရေဆေးပါ။
မုန်ညင်းချဉ်ခြောက်ကို အနေတော် ပိုင်းဖြတ်ထားပါ။ တောင်ယာသခွားကို အခွံနွှာပြီး အတုံးသေးသေးတုံးပါ။ ပဲတောင့်ရှည်ကို လက်နှစ်ဆစ်အရွယ်ဖြတ်ပြီး ရေဆေးပါ။
ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပါ။
ပြီးလျှင် ဒန်အိုးကြီးတစ်လုံးထဲမှာ ပဲကြား၊ အသီးအရွက်အားလုံး ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ဆား၊ အချိုအရသာနဲ့ ရေကို နို့ဆီဘူး ၁၅ဘူးခန့်ထည့်ပြီး ဆူပွက်လာတဲ့အထိချက်ပါ။
ဟင်းသီးဟင်းရွက်များ စနူးလာရင် ဟင်းအရသာမြည်းပြီး မီးဖိုပေါ်မှချလိုက်ပါ။ ဟင်းရည်အပူချိန်နဲ့ ပိုပြီး နူးသွားပါလိမ့်မယ်။ ပဲကြားသီးရွက်စုံဟင်း ကျက်ပါပြီ။
ကယားမှည့်ခါးသီးထောင်း
ပါဝင်ပစ္စည်းများ
ကယားမှည့်ခါးသီး အလုံး ၅၀၊ ငရုတ်သီးစိမ်း ၁၀ကျပ်သား၊ ကြက်သွန်ဖြူ နှစ်ကျပ်ခွဲသား၊ ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း။
ပြင်ဆင်ချက်ပြုတ်ပုံ
ငရုတ်သီးစိမ်းကို ရေဆေးပြီ လှော်ပါ။
မှည့်ခါးသီးက မြန်မာငရုတ်ကောင်းစေ့လိုမျိုး အမည်းစေ့လေးတွေပါပဲ။ ငရုတ်ကောင်းစေ့ထက် မသိမသာ နည်းနည်းလေးကြီးပါတယ်။ ငရုတ်သီးစိမ်းလှော်ပြီးလျှင် ကယားမှည့်ခါးသီး၊ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ၊ဆားနဲ့အချိုအရသာ အားလုံးရောထည့်ပြီး ညက်အောင်ထောင်းရပါတယ်။ ကယားမှည့်ခါးသီးထောင်း စားလို့ရပါပြီ။
ကယားလူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ မှည့်ခါးသီးထောင်းကတော့ မပါမဖြစ်တဲ့ ဟင်းအရံဖြစ်ပါတယ်။
စာကြွင်း ။ အမဲသားခြောက် ပိန်းရွက် ရွှေဖရုံသီး ဘူးသီး သခွားသီးစသဖြင့်ပါသော ကယားရိုးရာဟင်းလျာနဲ့ ကယားမှည့်ခါးသီး ထောင်းကိုတွဲဖက်စားသုံးလေ့ရှိကြသလို ပဲကြားသီးရွက်စုံဟင်းနဲ့ ကယားမြေပဲထောင်းကြော်တို့ကိုတွဲဖက်စားသုံးလေ့ရှိကြပါတယ်။ ကျနော်ကတော့ အဓိကဟင်းလျာ၊ အသီးအရွက် ၊ အရံ သုံးမျိုးပါအောင်တွဲစပ်ချက်ပြုတ်လိုက်ခြင်းဖြစ်ပါတယ်။
Credit: အန်တီမီးမီးရဲ့ဟင်းချက်စာအုပ်

Tuesday, September 29, 2015

လည်ပင်းကြီးတိုင်း ကင်ဆာဟုတ်၊ မဟုတ်




လည်ပင်းကြီးတယ်ဆိုတာ

‘ကျွန်မ လည်ပင်းကြီးနေပြီလား’ စိုးရိမ်ပြီး ဆရာတို့ဆီကို လူနာအများစု လာပြကြပါတယ်။ အဲဒီလူတွေမှာ လည်ပင်း
မကြီးပါဘူး။ စိုးရိမ်လွန်ပြီး လာပြကြတာပါ။ ဒါဆို လည်ပင်းကြီးတာကို ဘယ်လိုသိနိုင်မလဲ။ အကြမ်းဖျင်းပြောရရင်
မြင်နေရတဲ့အကျိတ်က လက်မအရွယ်ထက်ကြီးတယ်ဆိုရင် လည်ပင်းကြီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်
ထားပါတယ်။

ဘာကြောင့်ဖြစ်သလဲ
လည်ပင်းကြီးရတာက စားတဲ့အစားအစာထဲမှာ အိုင်အိုဒင်းဓာတ်နည်းတာကြောင့်ပါ။ အိုင်အိုဒင်းဓာတ်ချို့တဲ့လို့
လည်ပင်းကြီးတာအတွက် စီမံချက်ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။ အခုနောက်ပိုင်းတွေ့ရများတာကတော့ အိုင်အိုဒင်း
ဓာတ်ချို့တဲ့တာကြောင့် မဟုတ်တဲ့ လည်ပင်းကြီးတာပါ။

အဖြစ်များသော အသက်အရွယ်
အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အသက်အငယ်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ဆရာတွေ့ဖူးတာကတော့ ငါး
နှစ်ကလေးမှာလည်း တွေ့ဖူးပါတယ်။ အသက်အကြီးဆုံးအနေနဲ့ ၇၀-၈၀ အရွယ်လည်း တွေ့ဖူးပါတယ်။ အဖြစ်အများဆုံး
အရွယ်ကတော့ အသက် ၁၈ နှစ်အောက်ပိုင်းနဲ့ ၃၆ နှစ်အထက်ပိုင်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ကြားအသက်
အရွယ်မှာတော့ ရိုးရိုးလည်ပင်းကြီးတာပိုများပါတယ်။ အမျိုးသားတွေမှာတော့လည်ပင်းကြီးတယ်ဆိုရင် ကင်ဆာဖြစ်နိုင်
ခြေ ပိုများပါတယ်။

လည်ပင်းကြီးတိုင်း ကင်ဆာဟုတ်၊ မဟုတ်
အကြမ်းဖျင်းပြောရရင် လည်ပင်းအကျိတ်ကြီးလာတယ်၊ အမျိုးသမီးတွေကရိုးရိုးအကျိတ် ဖြစ်တာများပါတယ်။ အမျိုး
သားတွေမှာတော့ အကျိတ်ဖြစ်တာနည်းတယ်၊ အဲဒီလို အကျိတ်ဖြစ်တာနည်းတဲ့လူမှာ အကျိတ်ဖြစ်လာရင်တော့ ကင်
ဆာဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

ကင်ဆာအဖြစ် ပြောင်းနိုင်လား
လည်ပင်းကြီးတိုင်း ကင်ဆာဖြစ်မှာမစိုးရိမ်ရပါဘူး။ လည်ပင်းကြီးသူတွေရဲ့၈၅ ရာခိုင်နှုန်းက ကင်ဆာမဟုတ်ဘဲရိုးရိုး လည်ပင်းကြီးတာပါ။ ကျန်တဲ့ ၁၅ရာခိုင်နှုန်းကသာ ကင်ဆာဖြစ်တတ်ကြပါတယ်။ ပြောမယ်ဆိုရင်တော့လည်ပင်းကြီးတဲ့လူ ၁၀ ယောက်မှာ တစ်ယောက်၊နှစ်ယောက်လောက်ပဲ ကင်ဆာဖြစ်ပါတယ်။

ကုသမှုပေးခြင်း
လည်ပင်းကြီးတဲ့လူနာကို ဆရာတို့က ရိုးရိုးအကျိတ်လား၊ ကင်ဆာအကျိတ်လားဆိုတာ ခွဲခြားပါတယ်။ တိတိကျကျ
သိအောင်ဆိုရင် ဆေးထိုးအပ်ပိုက်လေးနဲ့အသားစယူပြီး ဓာတ်ခွဲကြည့်ပါတယ်။ကင်ဆာဟုတ်တယ်ဆိုရင် ခွဲစိတ်ကုသပါ
တယ်။ ကင်ဆာမဟုတ်ဘူးဆိုရင် စောင့်ကြည့်ပါတယ်။ အကျိတ်က ကြီးလာတယ်၊ လေပြွန်ကို ဖိမိတာကြောင့်ကျပ်လာ
တယ်၊ အစာပြွန်ကို ဖိတာကြောင့် အစာစားရင် နင်လာတယ်၊ အာရုံကြောဖိမိတာကြောင့် အသံပြောင်းတာတွေ ဖြစ်လာ
တယ်။ ကင်ဆာအကျိတ်က ကြီးနေရင်ခွဲစိတ်ဖယ်ရှားပေးပါတယ်။ ဒါကလည်းလူနာနဲ့ လူနာမိသားစုဝင်တွေရဲ့ ဆန္ဒ
ပေါ်လည်း မူတည်ပါတယ်။

အခြားကုသမှု နည်းလမ်းများ
လည်ပင်းကင်ဆာဆိုတာ သေချာအောင် အသားစယူစစ်ဆေးပြီး ကင်ဆာလို့ သိရပြီးမှ မခွဲချင်ဘူးဆိုရင်လည်း
ဓာတ်ရောင်ခြည်နဲ့ ကုသလို့ ရပါတယ်။ဆရာတို့က ကင်ဆာလို့ သိပြီးရင်တော့ခွဲစိတ်ကုသပေးပါတယ်။ ရောဂါဖြစ်စမှာ
သိတယ်ဆိုရင် အကျိတ်လေးတစ်ခုကိုပဲထုတ်ပေးပါတယ်။ ကင်ဆာက ဘေးကအကျိတ်တွေကိုပါ ပျံ့နှံ့နေရင်တော့ဘေး
နားကအကျိတ်လေးတွေကိုပါ ခွဲစိတ်ဖယ်ရှားပေးပါတယ်။ ကင်ဆာဖြစ်လာပြီဆိုရင်အရွယ်အစားပေါ်လည်း မူတည်ပါသေး
တယ်။ အကျိတ်က လက်မအရွယ်လောက်ပဲဆိုရင် သိပ်မစိုးရိမ်ရပါဘူး။ အဲလိုမှမဟုတ်ဘဲ ငုံးဥ အရွယ်ထက်ကြီးနေပြီ
ဆိုရင်တော့ နည်းနည်း စိုးရိမ်ရပါတယ်။

ကြက်ဥထက်ကြီးပြီဆိုရင်တော့ စိုးရိမ်ရတတ်ပါတယ်။ တိတိကျကျ ပြောရရင်တော့ ၄ စင်တီမီတာထက် ကြီးရင်တော့
စိုးရိမ်ရပါတယ်။ ခွဲစိတ်ဖယ်ရှားသင့်ပါတယ်။ ဆေးသောက်ရုံနဲ့တော့ ဒီအကျိတ်က ပြန်ပိန်မသွားပါဘူး။

ကာကွယ်ထားနိုင်ခြင်း
လည်ပင်းမကြီးအောင် ကာကွယ်မှုအနေနဲ့ကတော့ အိုင်အိုဒင်းဆားကို စားပေးရပါမယ်။ လည်ပင်းကင်ဆာမဖြစ်
အောင် ကာကွယ်ဖို့ကတော့ ဓာတ်ရောင်ခြည်မထိအောင် နေပါ။ ဒါကလည်း မြန်မာနိုင်ငံမှာနေသူတွေအတွက် သိပ်တော့
မစိုးရိမ်ရပါဘူး။

အကြံပြုချက်
လည်ပင်းကြီးတာက အဖြစ်များတယ်။ ကိုယ့်ဘာသာကိုယ်လည်း စမ်းသပ်လို့ရနိုင်ပါတယ်။ ကိုယ့်လက်မနဲ့ တိုင်း
ကြည့်ပြီး ကြီးတယ်လို့ထင်ရင် သိပ်မကြီးခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ကြီးသွားရင် ဟော်မုန်း
ဓာတ်တွေများနေလား၊ ကင်ဆာဖြစ်နေပြီလား၊ ရိုးရိုးအကျိတ်လား၊ အရည်ကျိတ်လားဆိုတာ ခွဲခြားဖို့ ဓာတ်မှန်ရိုက်ကြည့်
ပါတယ်။ လေပြွန်ဖိမိတာ၊ ကျပ်သလိုခံစားနေရတာတွေဖြစ်ရင်တော့ ခွဲစိတ်ဖယ်ရှားပေးပါတယ်။

(ဒေါက်တာဝင်းထိုက်ကြည် - နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်)

Credit: Good Health Journal No.554

Monday, September 28, 2015

ဆင်တူရိုးမှားသတိပြုပါ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်တံဆိပ်


ကျင်းပရန် ရက်ပေါင်းလေးဆယ် ကျော်သာလိုတော့သည့် ရွေး ကောက်ပွဲတွင် ရွေးကောက်ပွဲသ မိုင်းတစ်လျှောက် အများဆုံးအ ရေအတွက်ဖြစ်သည့်ကိုယ်စား လှယ်လောင်း ခြောက်ထောင် ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြ တော့မည်ဖြစ်သည်။

၁၉၅၂ မှ ၂၀၁၅ နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း ပါတီ စုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ ခြောက်ကြိမ်သာ ကျင်း ပခဲ့ဖူးသည့် မြန်မာနိုင်ငံ၌ မဲပေး ခြင်းအလေ့အထသည် အကျွမ်း တဝင်မရှိလှသေးပေ။  ထို့ နောက် စစ်အစိုးရလက်အောက်တွင် နေ ခဲ့ရပြန်ရာ ရွေးကောက်ပွဲများနှင့် ဝေးခဲ့ရပြန်သည်။ ထိုအခြေအနေ မျိုးတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပါတီပေါင်း ၉၁ ပါတီနှင့် တစ်သီး ပုဂ္ဂလ ၃၀၀ ခန့် ယှဉ်ပြိုင်မည်ဖြစ် ရာ မဲပေးခြင်းနှင့် အကျွမ်းတဝင် မရှိသည့် ပြည်သူများအဖို့ ရွေး ချယ်ရခက်စရာပင်။ ပြည်သူများ အနေဖြင့် မိမိရွေးချယ်မည့် ပါ တီကိုမဲပေးရန် ရည်မှန်းထားသည့် တိုင် အခြားပါတီတစ်ခုကို မှား ယွင်းမဲပေးမိနိုင်သည့်အခြေအနေ မျိုး ရင်ဆိုင်ကြုံတွေ့ကောင်း ကြုံ တွေ့နိုင်သည်။ အကြောင်းမှာ များပြားလှသော ပါတီများတွင် များပြားလှသော ပါတီအမှတ် တံ ဆိပ် ဆင်တူမှုများ ရှိနေသော ကြောင့်ပင်။ ထိုအခြေ အနေကို ဒေါ်အောင်ဆန်းစုကြည် ရုပ်မြင် သံကြားမှတစ်ဆင့် မဲဆွယ်စည်း ရုံးသည့်နေ့က သိသာထင်ရှားစွာ သတိပြုမိခဲ့ကြသည်။

‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ မြန်မာအမျိုးသားကွန်က ရက်ပါတီအလံက ကြယ်တစ်လုံး ကလွဲလို့ ကျန်တာအတူတူပဲ’’ဟု စက်တင်ဘာ ၂၁ ရက်ညက ရုပ် မြင်သံကြားမှတစ်ဆင့် ပါတီများ ၏ဟောပြောမှုများကို စောင့် ကြည့်ခဲ့သူ ဦးထွန်းဝေက ပြော သည်။
တိုက်ဆိုင်စွာပင် အဆိုပါ ညက ဟောပြောသည့်ပါတီသုံးခု ၏အမှတ်တံဆိပ်မှာ အနီရောင် အောက်ခံမှအစ၊ ကြယ်ပွင့်ပါရှိ ခြင်းအလယ်၊ ခွပ်ဒေါင်းပါတာ အ ဆုံး ဆင်တူရိုးမှားဖြစ်နေကြသည်။

ရွေးကောက်ပွဲဝင်မည့်ပါတီ ၉၁ ပါတီတွင် ပါတီအမှတ်တံဆိပ် (လိုဂို)ကို အနီရောင်အောက်ခံ အဖြစ် အသုံးပြုထားသည့်ပါတီ မှာ ၂၆ ပါတီထိ ရှိသည်။ ထို့ပြင် လိုဂိုတွင် ကြယ်အသုံးပြုထား သည့်ပါတီမှာ ၃၂ ပါတီ ရှိသည်။ ဆင်တူရိုးမှားဖြစ်နိုင်ခြေ အများ ဆုံးအမှတ်တံဆိပ်မှာ ဒေါင်းလိုဂိုဖြစ်ပြီး ခွပ်ဒေါင်း အသုံးပြုသည့်  ပါတီငါးပါတီရှိပြီး ကဒေါင်းကို အသုံးပြု သည့် ပါတီ လေးပါတီရှိနေသည်။ မိမိတို့ပါတီရမည့်မဲမှာ ဆင်တူရိုး မှား တံဆိပ်တစ်ခုကြောင့် အခြား ပါတီသို့ရောက်သွားမည့် နစ်နာမှု မျိုးအတွက် ပါတီများက စိုးရိမ်ပူ ပန်လျက်ရှိသည်။

‘‘စပြီး ပါတီမှတ်ပုံတင်က တည်းက ဆင်တူယိုးမှားဖြစ်နေတဲ့ ကိစ္စတွေကို ပြောခဲ့တယ်။ ဆင်တူ ယိုးမှားတင်တယ်ဆိုတာလည်း အတုပဲ။ ကော်မရှင်ကို တောက် လျှောက်ပြောခဲ့ပါတယ်။ အခုချိန် မှာ ရွေးကောက်ပွဲကလည်း အ ရမ်းနီးသွားတော့ ဘာမှ ထပ်ပြော ဖို့တော့ မရှိတော့ဘူး။ ပြည်သူ တွေလည်း ပိုင်းခြားနိုင်တဲ့အသိ ဉာဏ်ရှိပါတယ်။ ဒီလိုပဲ မျှော်လင့် ထားပါတယ်’’ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း က မှတ်ချက်ပြုသည်။

ထို့အတူ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်း ဦးပြုံးချိုကလည်း  ‘‘ကျွန် တော်တို့ ဒီကိစ္စကို အလေးအနက် ထားပါတယ်။ အဲဒါကြောင့် NLD ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ခွပ် ဒေါင်းနဲ့ ကြယ်ဖြူဘေးမှာ တံဆိပ် တုံးနှိပ်ဖို့ ပြည်သူတွေကို သေချာ ရှင်းပြပါတယ်’’ဟု ပြောသည်။

မဲလက်မှတ်တွင် ကိုယ်စား လှယ်လောင်းအမည်၊ ပါတီအ မည်နှင့် ပါတီအမှတ်တံဆိပ်တို့ ပါရှိသော်လည်း ပါတီတံဆိပ် ဘေး၌ အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ရန် ကွက်လပ်ရှိသဖြင့် လိုဂိုမှာ အရေးတကြီးအာရုံစိုက် စရာဖြစ်လာသည်။

‘‘မဲပေးတုန်းက ခမောက် ဘေးမှာ အမှန်ခြစ်လိုက်တာပဲ။ ကိုယ်စားလှယ်လောင်းနာမည် တော့ မမှတ်မိတော့ဘူး။ NLD ကို မဲပေးခဲ့တယ်’’ဟု ၂၀၁၀ ရွေး ကောက်ပွဲအတွေ့အကြုံကို ဒဂုံ မြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မဲပေးခဲ့သူတစ်ဦးက ပြောသည်။
သို့သော် ၂၀၁၀ ရွေး ကောက်ပွဲတွင် NLD ပါတီရွေး ကောက်ပွဲမဝင်ခဲ့ဘဲ မဲဆန္ဒရှင်က လိုဂိုကို ကြည့်ကာ မှားယွင်းမဲပေး ခဲ့မိခြင်းဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့စဉ် လူထုမျက်စိတွင် စွဲ နေသောခမောက်တံဆိပ်သည် ဒီချုပ်မှ ခွဲထွက်လာသော အမျိုး သားဒီမိုကရေစီအင်အားစု ပါတီ နှင့် အမျိုးသားဒီမိုကရေစီပါတီသစ်တို့၏ အမှတ်တံဆိပ်ဖြစ်နေပြီ ဖြစ်သည်။
‘‘ကျွန်တော်တို့ပါတီက ခမောက်တစ်လုံးထဲ။ ဦးသိန်းညွန့် တို့က ခမောက်သုံးလုံးဆိုတော့ မှားစရာမရှိလောက်ပါဘူး’’ ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ပြောသည်။

မဲဆန္ဒနယ် အများအပြား တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် NLD၏ ခွပ်ဒေါင်းတံဆိပ်သာ အဆိုပါ ပြဿနာ ကြုံရနိုင်ကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်နယ်၏ အင်အား ကြီးပါတီနှစ်ခုဖြစ်သည့် ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့်ရှမ်းတိုင်းရင်းသားများ ဒီ မိုကရက်တစ်ပါတီတို့မှာ အမည် ချင်းဆင်တူရုံသာမက ပါတီအ မှတ်တံဆိပ်မှာလည်း ရှမ်းတိုင်း ရင်းသားတို့၏ အထိမ်းအမှတ် ကျားပုံဖြစ်သည်။

‘‘ကျွန်တော်တို့ကတော့ ကျားဖြူပါတီနဲ့ ကျားခေါင်းပါတီ ဆိုပြီးပဲ မှတ်လိုက်တော့တယ်’’ဟု သီပေါမြို့ခံ မဲဆန္ဒရှင်တစ်ဦးက ပြောသည်။ ရွေးကောက်ပွဲဝင်မည့် ပါတီများ၏ လိုဂိုများတွင် တိရ စ္ဆာန်များကို အသုံးပြုထားသည့် ပါတီ ၃၄ ပါတီရှိပြီး ငှက်ပုံမှာ အ များဆုံးအသုံးပြုခံရသည့် အမှတ် တံဆိပ်ဖြစ်သည်။

ချင်းပါတီများသည် အောက် ချင်းငှက်ကို လိုဂိုထားပြီး မွန်ပါတီ များက ဟင်္သာကို လိုဂိုအဖြစ် အ သုံးပြုသည်။
ပါတီလိုဂိုသည် စိတ်ပညာရှု ထောင့်အရ မဲရရန် အရေးကြီး သောအရာဖြစ်သည်ဟု နိုင်ငံရေး သိပ္ပံသင်ကြားပို့ချသူ ဦးသူရိန်ရွှေ က သုံးသပ်သည်။

နိုင်ငံရေးစိတ်မဝင်စားတဲ့လူ တစ်ယောက်က မဲရုံထဲရောက်မှ မဲပေးတဲ့အခါ သူ့ကိုလွှမ်းမိုးမှုရှိတဲ့ လိုဂိုတစ်ခုကို မဲပေးလိုက်မှာပဲ’’ ဟု ဦးသူရိန်ရွှေက ပြောသည်။

လိုဂိုများသာ ဆင်တူရိုးမှား မဟုတ်ဘဲ ပါတီအမည်များမှာ လည်း ဆင်တူရိုးမှားပင်။ ပါတီ ၉၁ ခုအနက် ဒီမိုကရေစီအမည်ပါ သည့်ပါတီ ၃၅ ပါတီထိရှိသည်။

ထို့ပြင် ဖွံ့ဖြိုးရေးနှင့်တိုး တက်ရေးစာသားပါဝင်သည့် ပါ တီအမည်မှာလည်း ၂၀ အထိရှိ နေသည်။

လှိုင်သာယာမြို့နယ်ရှိ မဲ ဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် ပါတီ ၁၈ ပါတီထိရှိ သဖြင့် အမည်များ၊ လိုဂိုများရော ထွေးကာ မဲလက်မှတ်အရှည်ဆုံး မဲဆန္ဒနယ်ဖြစ်လာပြီး ပြည်သူများ စိတ်ရှည်လက်ရှည်နှင့် ရွေးချယ်ရ တော့မည်ဖြစ်သည်။
ပါတီ် လိုဂိုများဆင်တူနေ ခြင်းနှင့်ပတ်သက်၍ မှတ်ချက် ပေးရန်ကိုမူ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၏ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ငြင်းဆို သည်။

သို့သော် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၌မူ နိုင်ငံ ရေးပါတီတစ်ခုက မှတ်ပုံတင် လျှောက်ထားသည့်အခါ မှတ်ပုံ တင်ထားပြီးသား အခြားပါတီတစ် ခု၏အမည်၊ အလံ၊ တံဆိပ်နှင့် တူညီနေလျှင်၊ ဆင်တူရိုးမှားဖြစ် နေလျှင် ကော်မရှင်က ပြင်ဆင် ရန်စေခိုင်းနိုင်ပြီး မလိုက်နာပါက လျှောက်လွှာပယ်ဖျက်သည်အထိ အရေးယူခွင့်ရှိသည်။

ကိုယ်စားလှယ်လောင်းများ အနေဖြင့် မဲဆန္ဒရှင်ပြည်သူများ ကို မိမိပါတီလိုဂိုနှင့်ပတ်သက်၍  ဆင်တူယိုးမှားမဖြစ်ရန် သေချာ ရှင်းပြရန် လိုအပ်ကြောင်း နိုင်ငံ ရေးဆောင်းပါးရှင် ဒေါက်တာရန် မျိုးသိမ်းက ပြောသည်။

‘‘နိုင်ငံရေးအရ ပြောရရင် ဗျာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လို နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ လိုဂိုကို ဆင်တူယိုးမှားလုပ်တာ။ ပုံမှားရိုက်တာဟာ နိုင်ငံရေးအရ လှည့်စားတာပဲ။ ကျင့်ဝတ်မညီတဲ့ လုပ်ရပ်ပဲလို့ ပြောလို့ရတယ်’’ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲများနှင့်မယဉ် ပါးလှသော မြန်မာ့လူ့အဖွဲ့အ စည်းအတွက် ပါတီလိုဂိုများဆင် တူမှုက မည်မျှ သက်ရောက်မှုရှိ သည်ကို ၂၀၁၀ ရွေးကောက်ပွဲ တွင် မဲပေးခဲ့သူအချို့၏ ပြောစ ကားအရ သိနိုင်သည်။ ကျေး လက်တောရွာများမှ မဟုတ်ဘဲ ရန်ကုန်မြို့တွင်နေထိုင်သည့် အ လွှာစုံမှ လူ ၁၀ ဦးကို ၂၀၁၀ ရွေး ကောက်ပွဲတွင် မည်သည့်ပါတီကို မဲပေးခဲ့သနည်းဟုမေးမြန်းကြည့် ခဲ့ရာ ခုနစ်ဦးက အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့သည်ဟု ဆိုကြသည်။

‘‘ကိုယ်စားလှယ်လောင်းနာ မည်တော့ မမှတ်မိတော့ဘူး။ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲ ပေးခဲ့တယ်။ ခမောက်ဘေးမှာ အမှန်ခြစ်ခဲ့တယ်’’