Wednesday, October 31, 2012

အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက်များ


”ကျွန်မဘဏ်မှာ အလုပ်ရဖို့ လုံးဝ မမျှော်လင့် တော့ပါဘူး။ ကျွန်မအခုချိန်မှာ သင့်တင့်တဲ့ လစာနဲ့ အလုပ် တစ်ခုခု ရဖို့ပဲ စိတ် ကူးရှိတော့တယ်”

ထိုကဲ့သို့ ပြောသူမှာ ရန်ကုန် မြို့ ဒဂုံမြောက်ပိုင်း မြို့နယ်တွင် နေ ထိုင်သူ မသဇင်။ မသဇင်တစ် ယောက် စီးပွားရေး ပညာ အဓိကဖြင့် ကျောင်းပြီး ထားသည်မှာ နှစ်နှစ်ရှိ ပြီ။ ကျောင်းပြီးပြီးချင်း ပညာသင် ထောက်ပံ့မှု ပေးခဲ့သည့် မိဘနှစ်ပါး ကို တစ်ဖန် လုပ်ကျွေးမှု ပြုရန် စိတ် ကူးခဲ့သည်။ သင်ထားသော ပညာ ဖြင့် ဘဏ်တစ်ခုခုမှာ အလုပ် လုပ် ချင်သည်ဟုလည်း စိတ်ကူးယဉ်ခဲ့ သည်။ ထိုအချိန်တွင် အစိုးရက ပုဂ္ဂလိက ဘဏ်များ အပြိုင်အဆိုင် ဖွင့်လှစ်ခွင့်ပေး ခဲ့သဖြင့် ပိုမိုမျှော် လင့်ခဲ့သည်။ သို့သော် ….

”စီးပွားရေးနဲ့ ကျောင်းပြီးတဲ့ အတွက် ဘဏ်မှာ လုပ်ချင်တယ်။ အဲ့ဒါကြောင့် ကျောင်းပြီးကတည်း က ဘဏ်မှာ  CV Form  တွေတင် တာ။ ဘဏ်နှစ်ခုမှာ အင်တာဗျူး ဝင်ခွင့်ရခဲ့တယ်။ အလုပ်မရခဲ့ဘူး။ CB ဘဏ်မှာ အင်တာဗျူးဝင်တုန်း က ခေါ်မယ့်ဝန်ထမ်းက လေးဆယ် ကျော်တဲ့။ အင်တာဗျူးလာဖြေတာ က လေးရာကျော်ရှိတယ်။ ဘဏ် တွေက ဝင်ဝင်ချင်း လစာတစ်သိန်း ခွဲပေးတဲ့အပြင်ဖုန်းဆိုလည်း အရစ် ကျနဲ့ဝယ်ပေးတယ်။ Facilities  ကလည်း ကောင်းတယ်ဆိုတော့ မိန်းကလေးတော်တော်

များများက ဘဏ်မှာလုပ်ချင်ကြတယ်။ အင်တာ ဗျူးတော့ ငွေကြေး ပိုင်းဆိုင်ရာတွေ မေးတယ်။ မေးတဲ့ အထဲက တစ်ခုကို မဖြေနိုင်ခဲ့ဘူး။ နောက်ဘဏ်တွေမှာ အင်တာဗျူး   ဖြေရင်းသိရတာက အသိရှိမှအကပ်ရှိမှ အလုပ်ရတာလို့ လည်း ပြောကြတယ်။ ကျွန်မက တော့အဲဒီမေးခွန်း မဖြေနိုင်လို့လား အကပ် မရှိလို့လား မသိဘူး။ အလုပ်မရ ဘူး။ ကျွန်မနဲ့ အင်တာဗျူး အတူတူဝင်တဲ့ သူငယ်ချင်းတစ် ယောက်က အလုပ်ရသွားတယ်။ သူကတော့ အဲဒီဘဏ်မှာ အသိရှိ တယ်လေ”ဟု ဘဏ်ဝန်ထမ်းဘဝ ကို စိတ် ကူးယဉ်ခဲ့သော မသဇင်ကအလုပ်ရရှိရေး အင်တာဗျူးဝင်ခဲ့ပုံ များကို ပြန်ပြောင်းပြောပြသည်။ယခု မသဇင်တစ်ယောက် အလုပ်အင်တာဗျူးပေါင်းများစွာ ဖြေခဲ့ပြီးပြီ။ သို့သော် အလုပ်တစ်ခု မျှ မရသေးပေ။ တစ်နေ့ အလုပ် တစ်ခုရမည်ဟု ယုံကြည်လျက်ပင်။ ”ဒီလ ထဲမှာပဲ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှစ်ခုမှာ CV Form တင် ထားတယ်။Office Staff အနေနဲ့ပဲ တင်ထားတာ။ အင်တာဗျူး တစ်ခါဝင်ပြီးပြီ။ ခန့်မှန်းလစာမေးလို့ ရှစ်သောင်းခွဲ လို့ပြောလိုက်တယ်။ အဲဒီအလုပ် လည်း မရပါဘူး”ဟု စိတ်ပျက်အား လျော့သော လေသံ ဖြင့် အသက် ၂ဝ ဝန်းကျင်ခန့်ရှိသေးသူ မသဇင် က ပြောသည်။

အလုပ်လက်မဲ့ ၆ သန်း 


မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ရှိသည့်အနက် အလုပ်လုပ်နိုင် သော ဦးရေမှာ ၃၆ ဒသမ ၈၄ သန်းရှိကြောင်း အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထိုအလုပ်လုပ်နိုင်သူဦးရေထဲမှ ၃ဝ ဒသမ ၄၉ သန်းသော လူဦးရေသာအလုပ်အကိုင်ရရှိနေပြီး ကျန် ၆ ဒသမ ၃၅ သန်းသော လူဦးရေမှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း သိရသည်။”မြန်မာနိုင်ငံမှာ နှစ်စဉ် လူဦး ရေ ၁ ဒသမ ၁ ရာခိုင်နှုန်း တိုးလာ တာနဲ့အမျှ အလုပ်လက်မဲ့ ဦးရေက လည်း နှစ်စဉ်တစ်သန်းလောက်တိုး ပွားနေတယ်” ဟု အ လုပ်သမား ဝန်ကြီးဌာန ဒုဝန်ကြီးဦးမြင့်သိန်းက ပြောသည်။အထက်ပါ အလုပ်သမားဝန် ကြီးဌာန၏ စာရင်းဇယားသည် အ လုပ်သမားမှတ်ပုံတင်စာရင်းနှင့် အ လုပ်အ ကိုင်ရရှိမှု စာရင်းများကို သာအခြေခံ တွက်ချက်ထားခြင်း ဖြစ်ရာ ရာနှုန်းပြည့် မှန်ကန်မှုရှိသည် ဟုတော့ မဆိုနိုင်ချေ။  မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိရာ တော ရော၊ မြို့ပါမကျန် အလုပ်လက်မဲ့ဦး ရေ များပြားစွာရှိနေသည်။ အလုပ် အကိုင်အခွင့်အလမ်း များပြားစွာ ရှိနေသော ရန်ကုန်မြို့ကြီးတွင် မသဇင်ကဲ့သို့ အလုပ်လုပ်ချင်စိတ်ရှိ ပြီးအလုပ်အကိုင်မရှိသူ များစွာရှိ နေသလို ရန်ကုန်မြို့ရှိ လူငယ် ယောက်ျားလေး အတော်များများမှာ နေ့စဉ် လက်ဖက်ရည်ဆိုင်၊ ဂိမ်း ဆိုင်နှင့် အင် တာနက်ဆိုင်များတွင် ဒုနှင့် ဒေးရှိနေသည်။

တက်စရာသင်တန်းတွေက များ 

”B.Com နဲ့ကျောင်းပြီးဖို့ ၄ နှစ်တက်ခဲ့ရတယ်။ ကျောင်းပြီးတော့ တစ်နှစ်လောက် အလုပ်မဝင်သေး ဘဲနဲ့LCCI၊ Computer သင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေ   လျှောက် တက်ခဲ့တယ်။LCCI ဆို Level 2  အထိ တက်ခဲ့တယ်။ ကွန်ပျူတာ ဆိုအခြေခံလိုအပ်တာအကုန်ပဲ။ ဒီသင်တန်းတွေအတွက် သင်တန်း ကြေးက အနည်းဆုံး မကုန်ဘူးဆို ကျပ် သုံးသိန်းလောက်ရှိမယ်။ အခု စာရင်းကိုင်အလုပ်နဲ့ မီဒီယာတစ်ခု မှာ အလုပ်ဝင်လုပ်နေတယ်။ အင် တာဗျူးခေါ်တုန်းကလည်း ဘွဲ့တွေ ကိုကြည့် ပြီး ခေါ်ခဲ့တာပဲ။တကယ့် တကယ်အလုပ်ထဲကျတော့ ကိုယ် သင်ခဲ့ရတာနဲ့ လုပ်ရတာ တခြား စီဖြစ်နေတယ်။ ဒါကြောင့် အလုပ် ကထွက်လိုက်တာတစ်နှစ်လောက် ရှိပြီ”ဟု အသက် ၂၅ နှစ်အရွယ် မသဲစုမိုး ကပြောသည်။ မသဲစုမိုး နည်းတူ ရန်ကုန်မြို့ရှိ ငွေကြေး အတန်အသင့်တတ်နိုင်သူ လူငယ် အတော်များများသည် ကျောင်းပြီး ပါက လုပ်ငန်းခွင် ချက်ခြင်းဝင် ရောက်မှုမရှိဘဲ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန် ရည်ရွယ် ၍ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ စာရင်းအင်းသင်တန်း စသည့် သင်တန်းပေါင်းစုံ ကို ငွေကြေးများစွာအကုန်အကျခံ၍ ဆက်လက် တက်ရောက်ကြသည်။ ထို့ပြင် နယ်မှလာ၍ အလုပ်တစ်ခု လုပ်ရင်း သင်တန်းလာရောက် တက်သူများ လည်းရှိ သည်။ ထို့အတွက် ရန်ကုန် မြို့အပါအဝင်မြန်မာနိုင်ငံရှိ မြို့တိုင်း တွင်ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊စာရင်းအင်းသင်တန်း များ တစ်ခေတ်ဖြစ်လာခဲ့သည်။ ”ကျွန်ေ တာ် ကွန်ပျူတာသင် တန်းတက်ခဲ့တယ်။ LCCI  တက်ခဲ့ တယ်။ ကွန်ပျူတာနဲ့ ပတ်သက်လို့ တစ်နှစ်လောက် Service Centre  မှာ လုပ်ခဲ့တယ်။ ကျွန်တော် သင်ခဲ့ တာနဲ့ ပတ်သက်လို့ ဒါပဲ လုပ်ခဲ့ရ တယ်။ ကုမ္ပဏီက အကြောင်း ကြောင်းကြောင့် နားသွားတော့ ကျွန်တော် အလုပ်လက်မဲ့ဖြစ်တယ်။ အကြာ ကြီးနေလို့ အလုပ်ပြန်ရတော့ သင် ထားတာတွေနဲ့ ဘာမှ မဆိုင် ဘူး။ ဦးလေးရဲ့ ထောက်ခံချက်နဲ့ အလုပ်တစ်ခု ရတယ်ဆိုတာပဲ အဖတ်တင်တယ်။ ဒါဆို ဘာလို့ ကျွန်တော်ပညာသင်မလဲ။ အလုပ် ရှာတဲ့

ကုမ္ပဏီတွေကရော လူတစ် ယောက်ရဲ့ အရည်အချင်း ထက် ဓာတ်သိရဲ့ ထောက်ခံချက်ကို ပို အလေးထားသလိုပဲ။ နောက်ဆုံး စာရင်းချုပ်လိုက်တော့ ဘာသင် တန်း၊ ညာသင်တန်းဆိုတာတွေကို လူတွေက ပိုက်ဆံပေးလုပ်ကျွေးနေ ကြတာ”ဟု ကိုသက်ထွန်းနိုင်ဆိုသူလူငယ်တစ်ဦးက ပြောသည်။”LCCI Level 3 လက်မှတ် ရှိမှဆိုပြီးေ ခ်ါတယ်။ အင်တာဗျူး တော့ သူတို့ပေးတဲ့ လစာနဲ့ ကိုယ် သင်ထားရတာနဲ့ မတန်ဘူး။ ကိုယ် က ပညာလိုချင်ရင်တော့ တန်ပါ တယ်”ဟု အလုပ်ရှင်နှင့် အလုပ်သ မားကြား လိုအပ်ချက် ကွာခြားမှုကို ရှင်းပြသည်။

 တိုင်းပြည်အတွင်း၌ အထက်ပါ ကဲ့သို့ လုပ်ငန်းရှင် လိုအပ်ချက် နှင့် လုပ်သားများ၏ လုပ်နိုင်စွမ်းကို ရေရှည်တွင် ထည့် သွင်းစဉ်းစားရ မည်ဖြစ်သည်။ထုထည်ကြီးကြီးမား မား မဟုတ်သော်လည်း နည်းပညာ အသားပေး နိုင်ငံတကာမှ လာမည့်ရင်းနှီးမြှုပ်နှံသူများက ထိုအချက်ကို ဦးစွာထည့် သွင်းစဉ်းစားမည်ဖြစ် သည်။ ထို့အတွက် တကယ် အလုပ် လုပ်လိုသူများ ကြိုတင်ပြင်ဆင်ထား ရန်လို အပ်သလို နိုင်ငံတော်ကလည်း တက္ကသိုလ်များမှ တစ်ဆင့် ဘာသာ ရပ်အလိုက် ကျွမ်းကျင်သူများ မွေးထုတ်ပေးရေးနှ င့် သက်မွေး ပညာ ရပ်များ သင်ကြားနိုင်ရန် စီစဉ်ပေးဖို့ လိုအပ်ကြောင်း အငြိမ်းစား အစိုးရ ဝန်ထမ်းတစ်ဦးက သူ၏ အမြင်ကို ပြောသည်။နည်းပါးသော အလုပ်အကိုင် အခွင့်အလမ်းနှင့် အလုပ်က လိုအပ် လာမည်ဖြစ်သော လူသား ရင်းမြစ် ဆတူအဆင်သင့်ဖြစ်ရန် မြန်မာလူ ငယ်ထုပေါ်တွင်များစွာမူတည်သည်။ ထိုအချက်က ယခုနှစ်အ တွင်း ရန်ကုန်မြို့၌ မြန်မာနိုင်ငံ လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအဖွဲ့ က နှစ်ကြိမ်တိတိပြုလုပ်ခဲ့သော အလုပ်အကိုင် အခွင့်အလမ်းပြပွဲက သက်သေတည်နေသည်။

”အဲဒီပွဲတွေမှာ အလုပ်လာ  လျှောက်တဲ့ သူတွေအများစုဟာ ငါဘယ်လို အလုပ်ကို လျှောက်မယ် ဆိုပြီး ပြင်ဆင်လာတာနည်းတယ်။ ဒီအတွက် အလုပ်ရရှိမှုနည်းတယ်” ဟု မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီ ထွင်လုပ်ငန်းရှင်များအဖွဲ့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပရေး တာဝန်ခံနှင့် အခွင့်အလမ်းဂျာနယ် တာဝန်ခံအယ်ဒီတာဖြစ်သူ ဦးသန်း စိုးက ပြောသည်။

ယင်းအပြင် အလုပ်အကိုင် ရရှိလိုသူများအနေဖြင့် လုပ်လိုသော အလုပ်နှင့် ကိုယ့်အရည်အချင်းကို သေချာစွာ စစ်ဆေးသင့်သည်။ ထို့ အပြင် အလုပ်လက်မဲ့ များရခြင်း၏ အကြောင်းအရင်းမှာ အလုပ်အ ကိုင်အခွင့်အလမ်းနေရာ နည်းပါး နေခြင်းကြောင့် ဖြစ်ကြောင်း၊ ပြပွဲ ၌ လာရောက်ပြသသော ကုမ္ပဏီ နှင့် အလုပ်အကိုင်ရှာဖွေသည့် လူဦးရေမျှတမှုမရှိကြောင်း ၄င်းက ထပ်လောင်းပြောပြသည်။”ဒီမှာက ကုမ္ပဏီတွေနဲ့ လုပ် ငန်းတွေကတော့ အစုံပါပဲ။ အလုပ် လာလျှောက်တဲ့ သူတွေလည်း အစုံပါပဲ။ အလုပ်အကိုင် အခွင့် အလမ်းရှားပါးတယ်ဆိုတာ က တော့ လုပ်ငန်းအတွေ့အကြုံ ရှိဖို့ ထက် လုပ်ချင်စိတ်ရှိဖို့ပဲ လိုပါ တယ်”ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးလုပ် ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အေဂျင်စီကို ယုံမိလို့

”ဆိုင်မှာ ဗီနိုင်းလေးဘာလေး လာအပ်ရင် Photoshop ကျွမ်း ကျင်ဝန်ထမ်း လိုတဲ့အကြောင်း အခွင့်အလမ်းဂျာနယ်ကနေ ကြေ ညာခဲ့တယ်။ အဲဒီမှာ အလုပ်ရှာတဲ့   အေဂျင်စီတစ်ခုက ဖုန်းလှမ်းဆက် ပါတယ်။ အရည်အချင်း စစ်ဆေး ပြီးသား၊ကျွမ်းကျင်တဲ့လျှောက် လွှာရှင် တစ်ယောက် ရထားပါ တယ်ပေါ့။ လာပို့ရမလားဆိုပြီး   မေးပါတယ်။ ဟုတ်ပါပြီ။ အကျိုး ဆောင်ခ ဘယ်လိုပေးရမလဲပေါ့။ တစ်ယောက်ကနေ ဆယ်ယောက် အထိ အင်တာဗျူးပို့ပေးရင် ၅ဝဝဝ ယူပါတယ်။ တစ်ယောက်တည်း ဆိုရင်လည်း၅ဝဝဝ ပါလို့ပြော တော့၊ ဟုတ်ပါပြီ၊ ခေါ်လာခဲ့ပါ၊ တကယ်ကျွမ်းကျင်ရင် ခန့်မှာပါလို့ ပြောလိုက်တယ်။ အေဂျင်စီက ဝန်ထမ်းလုပ် ချင်တဲ့ ကလေးတစ်ယောက် လာပို့ ပါတယ်။ စိတ်ချပါ အစ်မ။ ကျွန်မ တို့ အသေအချာစစ်ဆေးပြီးမှ လာ ပို့တာဆိုလို့ လက်ခံလိုက်ပါတယ်။ ကလေးက ဓာတ်ပုံတွေဖြတ်တာ၊ နောက်ခံချိန်း တာ၊ ပြောင်း တာ တွေအဟုတ်ပါပဲ။ ဆိုးတာက အဲ ဒါတစ်ခုကလွဲပြီး တခြားဘာမှ မလုပ်တတ်ဘူး ဖြစ်နေတယ်။ ဓာတ်ပုံအောက်မှာ ပုံစာလည်း ရိုက်ခိုင်းရော ဘာမှ မရိုက်တတ် ဘူး   ဖြစ်နေတယ်။ ကျောင်းပညာ က ဆယ်တန်းအောင်တဲ့။ အောင် လက်မှတ်က အတုဖြစ်နေတယ်။ အဲဒါနဲ့ သနားလို့ ၁၅ ရက်စာ လုပ်ခပေးပြီး ပြန်လွှတ်မယ်ဆို တော့ သူ့မှာ လည်း အစ်မတို့က ပေး မယ်လို့ သဘောတူထားတဲ့ တစ်လ စာကို အေဂျင်စီမှာ ပေးခဲ့ရတယ် လို့ပြောတော့ သနားတာနဲ့တစ်လ စာပေးလိုက်ရတယ်။ ဒီလိုအေဂျင် စီတွေ ဆီကနေပို့တဲ့အလုပ်သမား ကို ကျွန်မတို့ ဘယ်လိုယုံကြည်ရ မလဲဟု ကွန်ပျူတာစာစီနှင့် ဓာတ် ပုံဆိုင်ရှင်တစ်ဦးက ပြောပါသည်။

ဥပဓိရုပ်ရှိဖို့လို

လက်ရှိ ပြည်တွင်း အလုပ်အ ကိုင်နေရာအများစုသည် ၄င်းတို့ ဝန်ထမ်းဖြစ်လာမည့် သူကို အင်တာဗျူးစဉ်၌ပင် တစ်ကိုယ် ရည်သန့်ရှင်းမှုကို ဆန်းစစ်လေ့ရှိ ကြောင်း ၊ ခေတ်လူငယ်များ၏ နေထိုင်မှု ပုံစံများ ဖြစ်သည့် နားကပ်တပ်ခြင်းနှင့် ဆံပင်ပုံစံထူးထူးခြားခြားများကို သဘောမတွေ့ ကြောင်း၊ အထူးသဖြင့် ကွမ်းစား သော အမျိုး သားများကို အလုပ်ရှင် အတော်များများက ငြင်းပယ်လေ့ ရှိကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ သို့သော် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆက်ဆံရသော အလုပ် အကိုင်ရရှိလိုသူ လူငယ်အတော် များများက အလုပ်အကိုင် တစ်ခု ရရန်အတွက် ၄င်းတို့၏ လက်ထဲ တွင် ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ် တစ်ထပ်ကြီး လို အပ်နေသည်ဟုသာ တွေးနေ သည်။ မိမိ လုပ်ကိုင်လိုသည့် အလုပ် အကိုင်အတွက် ကျွမ်းကျင်မှု(Skill)  ကို ထည့်တွက်သူမှာ အနည်းအကျဉ်းသာရှိသည်။ လုပ် ငန်းရှင် အချို့ကလည်း မိမိ၏ လုပ်ငန်းခွင် လိုအပ်ချက်ထက် မလိုအပ်သော သင်တန်းဆင်းလက် မှတ်များကို တစ်ပွေ့တစ်ပိုက် တောင်းတော့သည်။

ဘွဲ့လက်မှတ်ထက် အတွေ့အကြုံက အရေးပါ

”အခုခေတ်မှာက ဘာအောင် လက်မှတ်၊ ညာအောင်လက်မှတ်ဆို ပိုက်ဆံအနည်းအကျဉ်းပေးရုံနဲ့ ရနေပြီ။ ဘွဲ့မရတဲ့ သူတစ်ယောက် ကလည်း လိုချင်တဲ့ ဘွဲ့ကို အတု လုပ်လို့ရတယ်။ ဒီတော့ လုပ်ငန်း ရှင်တွေက ကိုယ့်အလုပ်နဲ့ တကယ်အကျွမ်းတဝင်ဖြစ်နိုင်တဲ့သူကို ရွေး ချယ်ခန့်နိုင်ဖို့ လိုတယ်”ဟု မည် သည့်ဘွဲ့လက်မှတ်နှင့် သင်တန်း ဆင်းလက်မှတ်မှ မရှိဘဲ  လက်ရှိ တွင် အချိုရည်နှင့် စား သောက်ကုန် ဖြန့်ဖြူးရေးလုပ်ငန်း တစ်ခု၌ မန် နေဂျာအဖြစ် လုပ်ကိုင်နေသူတစ်ဦး က ပြောသည်။သို့သော် ကွန် ပျူတာဘာသာ ရပ်ဖြင့် ကျောင်းပြီးထားသူ တာမွေ မြို့နယ်မှ မပြည့်ပြည့်ဟိန်းက အမြင်တစ်မျိုးဖြစ်သည်။ ၄င်းအမြင် သည် အထက်က ဆိုခဲ့သလို မလို လားအပ်သော သင်တန်းဆင်း လက်မှတ် လိုချင်သည့် လုပ်ငန်း ရှင်များနှင့်အတူတူပင်ဖြစ်သည်။”ကိုယ်လိုချင်တဲ့ လုပ်ခလစာနဲ့ နေရာကောင်းကောင်းလိုချင်ရင်တော့ Certificate တွေ အများကြီးလိုမှာ ပါ။

တခြားသူတွေကိုလည်း အကြံ ပေးချင်တာက ကိုယ့်မှာ ကျောင်း ပြီးလို့ ဘွဲ့ရထားရုံနဲ့ အလုပ်လွယ် လွယ်ကူကူမရဘူးဆိုတာပဲ”ဟု မပြည့်ပြည့်ဟိန်း က သူ၏ အမြင်ကို ပြောသည်။ ကျောင်းပြီးလို့ ဘွဲ့တစ်ခုရထား ရုံနဲ့ အလုပ်တစ်ခု ရဖို့ မလွယ်သလို သင်တန်းဆင်းလက်မှတ် တစ်ပွေ့ တစ်ပိုက်နှင့် ရထားသည့် အလုပ် သည်လည်း အလုပ်သမားရော အလုပ်ရှင်အတွက်ပါ ထိခိုက်ပြီး နှစ်ဖက်စလုံးအတွက် ရေရှည်အကျိုး မရှိနိုင်ပါ။ထို့အတွက် မြန်မာပြည် တွင်းက သင်တန်းဆင်းလက်မှတ် တစ်ထပ်ကြီးနှင့် ဘွဲ့ရလူငယ်များ အတွက် ဘာသာစကား (အထူး သဖြင့် အင်္ဂလိပ်စာ) တစ်ရပ်နှင့် မိမိလုပ်ကိုင်လိုသည့် အလုပ်အကိုင် အတွက် တတ်မြောက်ထားမှု၊ ထိုအထဲတွင်ဝါသနာပါ ပေါင်းထည့် ပါကယင်းလုပ်ငန်းထဲက လိုချင် သောရာထူးကို တစ်နေ့ရမည်မှာ သေချာသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအပြီး မသတ်သေး၍ သိသာသော နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ဝင်မလာသေးသ ဖြင့် ပြောရန် စောနေသေးသည်။

 ယခု ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာ က စိတ်ဝင်စားနေ သည်မှာ သဘာ ဝသယံဇာတ ထုတ်ယူရေးလုပ်ငန်း များသာဖြစ်သည်။ လူအင်အား (တစ်နည်း အလုပ်သမားအင်အား) အများအပြားသုံးရသည့် ကုန် ထုတ်လုပ်မှု လုပ် ငန်းများ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု နည်းနေသည်ဟု ထင်သည်။ဆင်းရဲမွဲတေမှု ပပျောက်ရေး ကို တရစပ် ပြောနေသည့် သမ္မတ ကြီးအပါအဝင် အစိုးရတာဝန်ရှိသူ များအနေဖြင့် အမှန်တကယ် ဆင်း ရဲနွမ်းပါးမှုလျှော့ချရန်မှာ အထက်က ပြောခဲ့သလို လူသားအရင်းအမြစ် များစွာသုံးနိုင်၊အလုပ်အကိုင် အခွင့်အလမ်းပိုမိုရနိုင်သော ကုန်ထုတ် လုပ်မှု လုပ်ငန်းကို နိုင်ငံတကာနှင့် ပြည်တွင်းလုပ်ငန်းရှင်များ အပြန် အလှန် ရင်းနှီးမြှုပ်နှံနိုင်ရန် မက်လုံး ပေးခြင်း သို့မဟုတ် တိုင်းပြည်၏ အလုပ်အကိုင် အခွင့်အလမ်း အတွက် ပိုမိုလုပ်သာကိုင်သာရှိသည့် အခွင့်အရေးများကိုဥပဒေပြုရာ၌ ထည့်သွင်းရေးဆွဲဖို့ လိုနေခြင်းပင် ဖြစ်သည်။ယင်းသည်တိုင်းပြည်၌ အလုပ် အကိုင် အခွင့်အလမ်း ရှားပါးမှု ကြောင့် ဝေလေလေဖြစ်နေသော လူငယ်များအတွက်၊ အစိုးရအတွက် အကောင်းဆုံးသော ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအစီအစဉ်တစ်ခုဖြစ်လာ   နိုင်သည်။

ထို့ပြင် အသက်မွေးသင်တန်းကျောင်းများလည်း ကြို တင်စီစဉ်ထားသင့်သည်။ သို့မှသာ အလုပ်ရှင်၏ လိုအပ်ချက်နှင့် လုပ် သား၏ လုပ်ငန်းခွင် စွမ်းဆော င်နိုင် မှုအတွက် လိုအပ်ချက်များ တစ် ထပ်တည်းကျနိုင်မည်ဖြစ်သည်။အချို့က ပြောသည်။ ပြည် တွင်း ၌ အရည်အချင်းပြည့်ဝသော ကျွမ်းကျင်လုပ်သား ရှားပါးမှု ပြဿ နာကြုံရနိုင်သည်ဟု ထင်ကြေးပေး နေကြသည်။ ယင်းထင်ကြေးသည် အနည်းစုသာဝင်လာနိုင်သော နည်း ပညာဆိုင်ရာ လုပ်ငန်းများအတွက် ဖြစ်လိမ့်မည်။ကုန်ထုတ် လုပ်ငန်း၌လုပ်ငန်း တစ်ခု ကျွမ်းကျင်ရေးသည် အဓိက ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံ တကာမှကုန်တိုက်ကြီးများ ဟိုတယ် ကြီးများ လာရောက်ရင်းနှီးလုပ်ကိုင် ပါကများစွာသော လုပ်ငန်းလိုအပ် ချက်များ ပေါ်လာမည်။ အခြားဝန်ဆောင်မှုလုပ်ငန်းများစွာလည်း ရှိ နေသေးသည်။ ဘာသာစကားနှင့် မိမိလုပ်လိုသော လုပ်ငန်းအေ ကြာင်း သိလျှင် ထိုအလုပ်သမားအတွက် အလုပ်မရ နိုင်စရာမရှိ။

မိုးမြင့်မြတ်ရေးဖွဲ့သည်

by Popular Myanmar News Journal

သတင်းအချက်အလက်
– ဝေယံမိုးမြင့်၊ မေဇင်ဝင်း၊ ထက်ထက်မိုးမြင့်၊ အိမ်စည်စိုးစံ

Tuesday, October 30, 2012

ဆံပင်ကျဲခြင်းနှင့် ဝဖြိုးခြင်း အန္တာရယ်



ဆံပင်ကျဲပြီး ပါးတာ၊ ထိပ်ပြောင်နေတာဟာ  အမျိုးသားတွေမှာသာ အဖြစ်များကြောင်း
သိကြပါတယ်။အမျိုးသမီးအများစုမှာတော့ ထိပ်ပြောင်နေတဲ့ အထိ ဆံပင်မပေါက်ခြင်းဟာ
ရှားပါးတဲ့ အဖြစ်ပါ။

ဒါပေမယ့် ဆံပင်တွေကျဲပြီး ပါးတာကိုတော့  အဝလွန်တဲ့ အမျိုးသမီးတွေမှာ အတွေ့ရများတာ
သတိပြုမိကြပါလိမ့်မယ်။

ကိုယ်အလေးချိန် တိုးလာတာနဲ့ အမျှ ဆံပင်တွေကျွတ်ပြီး ကျဲကျဲလိုက်လာတာ သတိပြုမိသူ
ရှားပါတယ်။ကိုယ်ခန္ဓာဝဖြိုးမလာအောင် အစာတွေ ဘယ်လောက်ပဲလျှော့စားစား၊ဆံပင်ပါးလာမှုက
မလျော့သွားနိုင်တာ တွေ့ရပါတယ်။

ဦးခေါင်းမှာ ဆံပင်ပိုးစားလို့ အကွက်လိုက် ကျွတ်ထွက်သွားတာက ရောဂါပိုးကြောင့် ဖြစ်ရတာပါ။
အချို့ကျတော့ သိုင်းရွိုက် ဂလင်း(လည်ပင်းရှေ့တွင် ရှိသည်)မှာ တစ်စုံတစ်ရာချွတ်ယွင်းနေလို့ ဆံပင်
ကျိုးတိုးကျဲတဲ ဖြစ်သွားရတာလဲ ရှိပါတယ်။

ဆံပင် ပိုးစားတာကြောင့်လဲ မဟုတ်၊သိုင်းရွိုက်ဂလင်း  ပြဿနာကြောင့်လည်းမဟုတ်ဘဲ  ဆံပင်တွေ
ကျဲပြီး ပါးလာရင် ဖြစ်နိုင်တဲ့ အကြောင်းတစ်ခုကတော့ အီစကြိုဂျင်ဟော်မုန်းကြောင့် ဖြစ်နိုင်ပါတယ်။
  အမျိုးသမီးတွေမှာ ထိန်းချုပ်ထားတဲ့ မ,ဟော်မုန်းလို့ခေါ်တဲ့ အီစကြိုဂျင်ဓာတ်များလာတဲ့ အခါ ပရိုဂျက်
စတုန်းလို့ခေါ်တဲ့ မ,ဟော်မုန်း နောက်တစ်မျိုးလျော့နည်းနေတတ်ပါတယ်။

အီစကြိုဂျင်ဓာတ်ရဲ့ သဘာဝက စားလိုက်တဲ့ အစားအစာတွေကို အဆီဓာတ်အနေနဲ့ ခန္ဓာကိုယ်တွင်း နေရာ
အနှံမှာ စုဝေးပြီး ထားစေတဲ့ အာနိသင်ရှိပါတယ်။ စုပြီးသားရှိနေတဲ့ အဆီတွေကိုလဲ စွမ်းအင်းရရှိအောင်
မသုံးဖို့လည်း သူက ဟန့်တားထားပါသေးတယ်။

ဒါကြောင့် အီစာကြိုဂျင်ဓာတ် လိုအပ်တာထက် များလေလေ ၊အဆီဓာတ်စုဝေးပြီး ခန္ဓာ ကိုယ်ဝဖြိုးလာလေလေဖြစ်ပါတယ်။

တိရစ္ဆာန် မွေးမြူးရေးသမားတွေဆိုရင် မွေးထားတဲ့ ကျွဲ၊နွား၊ကြက်၊ဘဲ စသည်တို့ကို အသားတိုးပြီး ဝဖြိုးလာအောင်အီစကြိုဂျင်ဟော်မုန်းတွေ သုံးလေ့ရှိကြပါတယ်။ဒါမှသာ ဈေးကွက်မှာ 
 အသားများများရောင်းရမှာဖြစ်ပြီး သူတို့အတွက် တွက်ခြေကိုက်မှာ ဖြစ်တာကိုး။

အီစကြိုဂျင်နဲ့ အလားတူ အမျိုးသမီးဟော်မုန်းတစ်မျိုးဖြစ်တဲ့  ပရိုဂျက်စကြုန်းကတော့ အဆီတွေ စုမနေရအောင်ရှိသမျှ အဆီတွေကို စွမ်းအင်ဖြစ်အောင် ထုတ်သုံးပေးရာမှာ အထောက် အကူပြု
 ဟော်မုန်းဖြစ်ပါတယ်။

ပုံမှန်ပမာဏ ရှိနေခဲ့ရင် ပရိုဂျက်စကြုန်းဟာ ခန္ဓာကိုယ် အတွက် စွမ်းအင်ပေးရုံသာမက ကိုယ်အလေးချိန်လျော့အောင်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအစာ ဆင်ခြင်ခြင်းတို့ကို
 အားပေးတဲ့ဟော်မုန်းဖြစ်ပါတယ်။

စွမ်းအင်ထုတ်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်တဲ့ အတွက် အမျိုးသမီးတွေ မျိုးဥလွတ်ချိန်ကို ခန့်မှန်းရာမှာ ကူညီပေးတဲ့ ဟော်မုန်းလဲဖြစ်ပါတယ်။
သာမန် ကိုယ်အပူချိန်ကို  မျိုးဥလွတ်ချိန်မှာ ၀.၆ ဒီဂရီ မှ  ၀.ရ ဒီဂရီ အထိ မြင့်တက်စေပါတယ်။ဒီအချက်ကို အခြေခံပြီး အမျိုးသမီးတွေ မျိုးဥလွတ်ချိန်ကို သိရတာဖြစ်ပါတယ်။

ပရိုဂျက်စကြုန်း ပမာဏ ပုံမှန်ရှိနေရင် သိုင်းရွိုက်ဟော်မုန်း တွေကလဲ သူတို့ရဲ့ တာဝန်ကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီပါပဲ။

ပရိုဂျက်စကြုန်း ပမာဏ နည်းနေတဲ့ အခါ သိုင်းရွိုက်ရဲ့ လုပ်ဆောင်မှုပုံမှန်ထက် လျော့နည်းသွားတဲ့
  ရောဂါလက္ခဏာတွေပြလာပါတယ်။

ဒီအချိန်မှာ သိုင်းရွိုက်ဟော်မုန်း ပမာဏကို တိုင်းကြည့်ရင် ပုံမှန်ဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် ရောဂါ လက္ခဏာကHypothyroidism  ခေါ်တဲ့ သိုင်းရွိုက် လျော့နည်းတဲ့ လက္ခဏာဖြစ်လို ဆရာဝန်များ
 အနေနဲ့ သိုင်းရွိုက် ဟော်မုန်းတွေအစားဖြည့်ပေးပြီး ကုပေးမှာဖြစ်ပါတယ်။ ပရိုဂျက်စတုန်း ဟော်မုန်း
 ပေးဖို့တော့ စဉ်းစား မိကြမှာ မဟုတ်ပါဘူး။

ပရိုဂျက်စကြုန်း နည်းနေတဲ့အခါ တခြား အင်ဒရိုဂျင်ခေါ်တဲ့ အမျိုးသားတွေမှာ ရှိတတ်တဲ့ ဟော်မုန်းမျိုး များလာတတ်ပါတယ်။
လျော့နည်းနေတဲ့ ပရိုဂျက်စကြုန်းကို  အစားဖြည့်ပေးဖို့ ခန္ဓာ ကိုယ်က အင်ဒရိုဂျင် ဟော်မုန်းတွေ ပိုပြီးထုတ်လုပ်ပေးဖို့ပါပဲ။
ဒီအခါမှာ အမျိုးသမီး တွေမှာ အမျိုးသားများ ဆံပင်ကျဲပါးပုံနည်းနဲ့  ထပ်တူဆံပင်များကျဲ လာ၊ ပါးလာ ရပါတယ်။အခန့်မသင့်ရင် ထိပ်ပါကွက်ပြီး ပြောင်လာတတ်ပါတယ်။
လျော့နည်းနေတဲ့ ပရိုဂျက်စကြုန်းကို ပုံမှန် ပမာဏာရောက်အောင်  ပြန်ဖြည့်ပေးနိုင်ရင်တော့  အင်ဒရိုဂျင် ဟော်မုန်းတွေပြန်လျော့သွားပြီး ဆံပင်တွေ (၆)လ အတွင်း မူလအတိုင်း ပြန်ပေါက်
လာနိုင်ပါတယ်။

ပရိုဂျက်စကြုန်း နည်းလွန်ရင်ဖြစ်စေ၊များလွန်ရင်ဖြစ်စေ ဦးခေါင်းမှာ ပွေးရောဂါလို ဆံပင်ပိုးတွယ်တတ်ပြီး  ဆံပင်များကျွတ်ထွက်သွားတဲ့ အထိ ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ပရိုဂျက်စတုန်း ပမာဏ 
ပုံမှန်သဘာဝအတိုင်း ရှိနေဖို့အရေးကြီးလှပါတယ်။

အထက်ပါ အကြောင်းအချက်တွေကို ပြန်ပြီး စဉ်းစားကြည့်ရင် အီစကြိုဂျင်များပြီး ပရိုဂျက်စကြုန်း ပမာဏ
မလုံလောက်တဲ့ အခါ ဆံပင်တွေ ကျဲလာ၊ပါးလာမှာ အသေအချာ ဖြစ်နေပါပြီ။ ဒီအပြင် အဝလွန်ပြီး ခန္ဓာကိုယ်အပူချိန်ဟာ သာမန်ထက် လျော့ကျနေတတ်ပါသေးတယ်။

ကျွမ်းကျင်သူများအနေနဲ့ မီးယပ်သွေးဆုံးနေတဲ့ အမျိုးသမီးများကို  အီစကြိုဂျင်ဓာတ် ပိုပြီးပေးလေ့ မရှိပါဘူး။သူတို့ရဲ့ ခန္ဓာကိုယ်က လုံလောက်တဲ့ ပမာဏထုတ်ပေးတဲ့  ပမာဏထုတ်ပေးနေတဲ့ အတွက်  အီစကြိုဂျင်ဓာတ်တွေ ထပ်စားစရာလဲ မလိုကြောင်း သိရပါတယ်။

ဝဖြိုးပြီးသား အမျိုးသမီးတွေမှာ တော့ အဆီဓာတ် စုဝေးမှု လက်စရှိနေပြီး သူတို့ရဲ့ အဆီက တစ်ဖန် အီစကြိုဂျင်ဓာတ်ပိုထုတ်ပေးစေတဲ့ အတွက် ပိုပြီး ဝဖြိုးလာဖို့ ရှိနေပါတယ်တဲ့။

ပရိုဂျက်စတုန်းဓာတ်ကို လွယ်လွယ်ကူကူရအောင် အရေပြားလိမ်းဆေးအသွင်နဲ့ ထုတ်လုပ်ထားတာ ရှိပါတယ်။

သွေးမဆုံးသေးတဲ့ အမျိုးသမီးများ အတွက် တစ်နေ့ကို ပရိုဂျက်စကြုန်း ပမာဏ (၁၅)မီလီဂရမ်မှ (၂၀)မီလီဂရမ်  အသုံးပြုနိုင်ပါတယ်။ မီးယပ်သွေးစ ပေါ်ပြီး (၁၂)ရက် (၂၆)ရက် 
အတွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီးများ အတွက် တစ်နေ့တာ လိုအပ်တဲ့ ပမာဏကိုတော့  (၁၂)မီလီဂရမ်မှ (၁၅)မီလီဂရမ်  သတ်မှတ်ထားပြီး ပြက္ခဒိန်ရက် (၂၅)ရက် အထိ (တစ်လမှာ  ၂၅ရက်) သုံးစွဲဖို့ 
ညွန်ကြားထားတာပါ။

ဆံပင်တွေ မကျွတ်ရအောင် ပါးပြီးမကျဲရအောင် အီစကြိုဂျင်ဓာတ်များတဲ့ အစားအစာတွေ၊ အသားတွေ၊
နွားနို့တွေကို ရှောင်ဖို့ လဲညွန်ကြားထားထယ်။ အထူးစားသုံး ရမယ် အစားအစာတွေအဖြစ် လတ်ဆတ်တဲ့
အသီးနှံ၊ ဟင်းသီး ဟင်းရွက် ၊ ပဲအမျိုးမျိုး၊ အခွံမာသီးအမျိုးမျိုးကို အမြဲမှီဝဲပေးကြဖို့လဲ အကြံပြုထားပါတယ်။

ဒေါက်တာအောင်နိုင်
(ဆေးသုတေသန) 

Monday, October 29, 2012

သန္ဓေတားသောအခါ (18+)


သန္ဓေတားခြင်း နည်းလမ်းပေါင်း များစွာရှိပါသည်။ မည်သည့်နည်းလမ်းဖြင့် သန္ဓေတားမည်ကို ဆုံးဖြတ်သောအခါ မိမိ၏ ကျန်းမာရေး အခြေအနေ၊ လိင်ဆက်ဆံသည့် အကြိမ်ရေနှင့် ကလေးလိုချင်စိတ်ရှိ/မရှိ စသည့် အချက်မြောက်မြားစွာပေါ် မူတည်၍ ဆုံးဖြတ်ရပါသည်။ သန္ဓေတားနည်းတစ်ခုခုကို ရွေးချယ်တော့မည်ဆိုလျှင် မိမိရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှုရှိရဲ့လားဟု စတင်စဉ်းစားရပါမည်။

မိမိရွေးချယ်မည့် နည်းလမ်းသည် ကိုယ်ဝန်မရစေရန် မည်မျှကာကွယ်ပေးနိုင်မည်လဲ။ ဤအချက်ကို သိရှိရန်အတွက် မိမိရွေးချယ်မည့် သန္ဓေတားနည်းကို အသုံးပြုလျက်ရှိသော အမျိုးသမီးဦးရေ (၁၀၀)ကို လေ့လာ ကြည့်ရပါမည်။ တစ်နှစ် ကြာသောအခါ အမျိုးသမီးဦးရေ (၁၀၀) အနက် ဦးရေမည်မျှတွင် မလိုချင်ဘဲ ကိုယ်ဝန်ရရှိသွားသည်ကို သိရှိရန်လိုပါသည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက်များလျှင် သင်ရွေးချယ် မည့် နည်းလမ်းသည် ထိရောက်မှုနည်းသည်ဟု ကောက်ချက်ချရပါမည်။ မလိုချင်ဘဲ ကိုယ်ဝန်ရရှိသူ အရေအတွက်နည်းလျှင် သင်ရွေးချယ်မည့် နည်းလမ်းသည် ထိရောက်မှု ရှိသည်ဟု ကောက်ချက်ချရပါမည်။

အကယ်၍ သင်တို့စုံတွဲသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို လုံးဝလက်မခံနိုင်သော သူများဖြစ်ပါက ထိရောက်မှု အရှိဆုံးသော သန္ဓေတားနည်းလမ်းကို အသုံးပြုသင့်ပါသည်။ အကယ်၍ သင်တို့စုံတွဲသည် ကိုယ်ဝန် ရခြင်းကို ရှောင်ရှားလိုသည်။ သို့သော် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိလာပါကလည်း ၀မ်းမြောက်ဝမ်းသာ လက်ခံနိုင်သည်ဆိုပါက ထိရောက်မှုနည်းပြီး သက်သောင့်သက်သာရှိသော သန္ဓေတားနည်းလမ်းကို အသုံးပြုနိုင် ပါသည်။

မိမိအသုံးပြုလိုသည့် သန္ဓေတားနည်းလမ်းသည် ထိရောက်မှုရှိ/မရှိ ရွေးချယ်ဆုံးဖြတ်ပြီးသောအခါ နောက်တစ်ဆင့် အားဖြင့် ကုန်ကျစရိတ်ကို စဉ်းစားရပါမည်။ ကုန်ကျစရိတ်သည် ရေရှည်တွင် မိမိတတ်နိုင်သည့် ပမာဏအတွင်း ရှိနေရန် လိုအပ်ပါသည်။ နောက်ထပ် စဉ်းစားရန်တစ်ခုမှာ ကျန်းမာရေး ထိခိုက်မှု ရှိ/မရှိ ဖြစ်ပါသည်။ ဥပမာ- အသက် (၃၅)နှစ် ကျော်နေပြီ ဖြစ်သော အမျိုးသမီးသည် ဆေးလိပ်သောက်တတ်သူ အမျိုးသမီးဖြစ်ပါက သန္ဓေတားသောက်ဆေးများ သုံးစွဲရန် မသင့်လျော်ပါ။

အမျိုးသားဖြစ်သူ၏ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။ သင်၏အမျိုးသားသည် သင်ရွေးချယ်သော သန္ဓေတားနည်းလမ်းကို ကျေနပ်လက်ခံသူဖြစ်ပါက သင့်အဖို့ ရွေးချယ်ရ လွယ်ကူပေလိမ့်မည်။ သန္ဓေ တားနည်းကို ဘယ်လောက်ကြာကြာ အသုံးပြုမည်ဟူသော သင်၏ဆုံးဖြတ်ချက်သည် သင်ရွေးချယ်မည့် သန္ဓေ တားနည်းလမ်းအပေါ် သက်ရောက်မှုရှိပါသည်။ သင်သည် ယာယီသန္ဓေတားလိုပါက ထိရောက်မှု နည်းသော နည်းလမ်းများ ကို အသုံးပြုရမည်ဖြစ်ပြီး တစ်သက်လုံး သန္ဓေတားလိုသည်ဆိုပါက ထိရောက်မှုအရှိဆုံး သန္ဓေတားနည်းများကို အသုံးပြု နိုင်မည် ဖြစ်ပါသည်။
HIV ကူးစက်ရောဂါနှင့် လိင်မှတစ်ဆင့်ကူး စက်တတ်သောရောဂါများအား ကာကွယ်နိုင်မှု ရှိ/မရှိကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါသည်။ သန္ဓေတားနည်း အများစုသည် ကူးစက်ရောဂါများကို ကာကွယ်နိုင် စွမ်းမရှိပါ။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် အဖော်ဟု ခေါ်ဆိုကြသော ကွန်ဒုံးများက ကူးစက်ရောဂါများကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသည်။ အဖော်ကို အဖိုသုတ်ကောင်သတ်ဆေးရည် (Spermicide) များနှင့် တွဲဖက်အသုံးပြုပါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ရာတွင် ပိုမိုထိရောက်မှုရှိပါသည်။

အလွယ်တကူ ရရှိနိုင်မှုသည်လည်း အရေးကြီးပါသည်။ မိမိရွေးချယ်သည့် သန္ဓေတားနည်းလမ်းသည် ဆရာဝန်ညွှန်မှ အသုံးပြု၍ ရနိုင်သလား၊ အဖွဲ့အစည်းများထံမှ အခမဲ့ အလွယ်တကူ ရနိုင်သလား၊ ၀ယ်ယူ အသုံးပြုနိုင်သလား စသည်တို့ အပေါ်မူတည်၍ ရွေးချယ်ဆုံးဖြတ်ရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်များအပေါ် မူတည်၍ မိမိနှင့် သင့်လျော်သည့် သန္ဓေတားနည်းကို စနစ်တကျ စဉ်းစားရွေးချယ် အသုံးပြုခြင်းသည် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရန်အတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေပါသည်။

သန္ဓေတားနည်းလမ်းများစွာကို စုစည်း၍ အဓိကအားဖြင့် အုပ်စုသုံးစုခွဲ၍ ပြောနိုင်ပါသည်။ ၎င်းတို့မှာ -
၁။ အကာအကွယ် အသုံးပြုခြင်း (Barrier Method)
၂။ ဟိုမုန်းဓာတ်ဖြင့် သန္ဓေတားခြင်း (Hormonal Method)
၃။ သားကြောဖြတ်ခြင်း (Permanent Method) စသည်တို့ ဖြစ်ကြပါသည်။

၁။ အကာအကွယ် အသုံးပြုခြင်း

(က) ကွန်ဒုံး
ကွန်ဒုံးတွင် အမျိုးသားများ အသုံးပြုသော ကွန်ဒုံး(အဖော်)နှင့် အမျိုးသမီးများ အသုံးပြုသော ကွန်ဒုံးဟူ၍ နှစ်မျိုးရှိ ပါသည်။ ကိုယ်ဝန်ရှိခြင်းကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံသည့် အကြိမ်တိုင်းတွင် အမျိုးသား ကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးကွန်ဒုံး တစ်မျိုးမျိုးကို အသုံးပြုရပါမည်။ ကွန်ဒုံးကို ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ လွတ်လပ်စွာ ၀ယ်ယူရရှိနိုင်ပါသည်။ အချို့ဆေးခန်းများတွင် အခမဲ့ ပေးဝေလေ့ ရှိပါသည်။


(ခ) သားအိမ်ခေါင်းဖုံး
သားအိမ်ခေါင်းဖုံးသည် ကွေးခေါက်၍ရသော သားရေအဖုံးဖြစ်ပြီး အဖိုသုတ်ပိုးကို သေစေနိုင်သည့် ကရင်မ် သို့မဟုတ် ဂျယ်လီ သုတ်လိမ်းထားပါသည်။ အဖိုသုတ်ကောင်များ သားအိမ်ခေါင်းသို့ မရောက်စေရန် အတွက် လိင်ဆက်ဆံခြင်း မပြုမီတွင် သားအိမ်ခေါင်းဖုံးကို သားအိမ်ခေါင်းတွင် တပ်ဆင် ထားရပါသည်။ လိင်ဆက်ဆံပြီးသောအခါ ချက်ချင်း ပြန်မထုတ်ရပါ။ ၆ နာရီမှ ၈ နာရီခန့်ကြာအောင် ဖုံးထားရပါသည်။ သားအိမ်ခေါင်းဖုံးကို အသုံးပြုမည်ဆိုပါက မိမိနှင့်သင့်တော်သော အရွယ်အစားနှင့် အမျိုးအစားကို ကျွမ်းကျင်သော သူ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။ သားအိမ်ခေါင်းဖုံး အသုံးပြု ခြင်းကြောင့် သားရေ သို့မဟုတ် ဂျယ်လီနှင့် ဓာတ်မတည့်ခြင်းကြောင့် ယောင်ယမ်းယားယံခြင်းဖြစ်နိုင်ပါသည်။ ဆီးလမ်း ကြောင်းပိုးဝင်နိုင်ရန် အခွင့်အရေး များစေပါသည်။ အချို့သောသူများတွင် သားအိမ်ခေါင်းဖုံးကို အချိန်ကြာမြင့်စွာ မဖြုတ်ဘဲ ထားမိပါက (Toxic shock syndrome) ဟုခေါ်သော အသက်အန္တရာယ်ရှိသည့် ရောဂါဖြစ်နိုင်ပါသည်။


(ဂ) သုတ်ပိုးသတ်သည့်ဂွမ်း
သုတ်ပိုးသတ်သည့် “ဂွမ်း” ဆိုသည်မှာ နူးညံ့သော စက်ရုံထုတ်ဂွမ်းဖြစ်ပြီး သုတ်ပိုးသတ်သည့် ဆေးရည်ဖြင့်စိမ်ထား ပါသည်။ လိင်ဆက်ဆံခြင်းမပြုမီ သုတ်ပိုးသတ်သည့်ဂွမ်းကို စွတ်စိုအောင်ပြုလုပ်၍ အမျိုးသမီး အင်္ဂါအတွင်းရှိ သားအိမ်ခေါင်း အ၀အနီးသို့ ထည့်သွင်းထားရပါမည်။


၂။ ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားခြင်း
ဟော်မုန်းဓာတ်ပါဝင်သော သန္ဓေတားဆေးများတွင် ပရိုဂျက်စတင် တစ်မျိုးတည်းပါသော သန္ဓေတားဆေးများ ရှိသကဲ့သို့ ပရိုဂျက်စတင်နှင့် အီထရိုဂျင် နှစ်မျိုးလုံးပါဝင်သော ဆေးလည်းရှိပြီး အမျိုးသမီးများ၏ သားဥ အိမ်မှ သားဥကြွေကျခြင်းကို တားဆီးပေးပါသည်။ ပရိုဂျက်စတင် တစ်မျိုးတည်းပါဝင်သော ဆေးများသည် အမျိုးသမီး၏ သားအိမ်ခေါင်း အနီးတစ်ဝိုက်ရှိ သဘာဝအတိုင်း ထွက်ရှိသော အကျိအချွဲများကို ပိုမို ထူပျစ်စေးကပ်အောင် ပြုလုပ်ခြင်းဖြင့် အမျိုးသား၏ သုတ်ပိုးများအား အမျိုးသမီး၏ သားအိမ်အတွင်းသို့ မ၀င်ရောက်နိုင်အောင် တားဆီးပေးပါသည်။


ပရိုဂျက်စတင် ပါဝင်သောကိရိယာ (Implant) ကို ခန္ဓာကိုယ် အရေပြားအောက်တွင် ခွဲစိပ်ထည့်သွင်းရသည့် နည်းလမ်းလည်း ရှိပါသည်။ ၎င်းကိရိယာမှ ပရိုဂျက်စတင် ပမာဏကို စဉ်ဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားပေးပါသည်။ တစ်လခံဆေး၊ သုံးလခံဆေး စသည်ဖြင့် အလွယ်တကူခေါ်ကြသော ဒီပို (Depo Injection) ဆေးများကို ကြွက်သား အောက်သို့ တစ်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ်ထိုးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။ ဒီပိုထိုးဆေးသည် ပရိုဂျက်စတင် ပါဝင်သော ထိုးဆေးဖြစ်ပါသည်။
အရေပြားပေါ်တွင် ကပ်ခွာပုံစံဖြင့် ကပ်ထားနိုင်သည့် သန္ဓေတားနည်းလည်း ရှိပါသည်။ ၎င်းကပ်ခွာမှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်းဓာတ်များကို အဆက်မပြတ် ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေ တားပေး ပါသည်။ အခြားသော ဟော်မုန်း တားဆေးများကဲ့သို့ပင် ကပ်ခွာပုံစံသည်လည်း ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ အသုံးပြုရပါမည်။ Vaginal Ring ဟုခေါ်သည့် ဟော်မုန်းဓာတ်ပါသော ကွင်းငယ်အား အမျိုးသမီး အင်္ဂါအတွင်းသို့ ထည့်သွင်းခြင်းဖြင့် သန္ဓေတားနိုင် ပါသေးသည်။ ၎င်းကွင်းငယ်မှ ပရိုဂျက်စတင်နှင့် အီစထရိုဂျင်ဟော်မုန်း ဓာတ်နှစ်မျိုးလုံး ထုတ်လွှတ်ပေးခြင်းဖြင့် သန္ဓေတားနိုင်ပါသည်။  အရေးပေါ်တားဆေး ဟုခေါ်ဆိုသည့် Emergency Pill များသည်လည်း ဟော်မုန်းဓာတ်ဖြင့် သန္ဓေတားသောဆေးများ ဖြစ်ပါသည်။
Intra Uterine Device (IUD) ဟုခေါ်သည့် သန္ဓေတားပစ္စည်းများလည်း ရှိပါသည်။ IUD သည် သေးငယ်သော ပလတ်စတစ် (သို့မဟုတ်) ကော့ပါးကိရိယာတစ်ခု ဖြစ်ပါသည်။ IUD ကို အမျိုးသမီး၏ သားအိမ်ခေါင်း အား ဖြတ်သန်းကာ သားအိမ်အတွင်းသို့ရောက်အောင် ကျွမ်းကျင်သော ဆရာဝန်များမှ ထည့်သွင်းပေးပါသည်။ အချို့သော IUD များတွင် ပရို ဂျက်စတင်ဟော်မုန်း ပမာဏ အနည်းငယ်ထုတ်လွှတ်ပေးအောင် ဖန်တီးထားပါသည်။ IUD တစ်ကြိမ်ထည့်သွင်းထားလျှင် ၅နှစ်မှ ၁၀နှစ်အထိ သန္ဓေတားပစ္စည်းအဖြစ် အသုံးပြုနိုင်ပါသည်။

IUD အသုံးပြုခြင်းသည် ထိရောက်သော သန္ဓေတားနည်း တစ်ခု ဖြစ်ပါသည်။ IUD နည်းဖြင့် သန္ဓေတားလျက် ကိုယ်ဝန်ရရှိနှုန်း တစ်နှစ်အတွင်း၌ အမျိုးသမီး (၁၀၀)တွင် (၁) ယောက် ထက်နည်းပါသည်။ ဆိုးကျိုး အနေနှင့် ဆီးစပ်ကိုက်ခြင်း၊ သွေးဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး အခန့်မသင့်လျှင် သားအိမ်ပေါက် ခြင်းမျိုး ဖြစ်နိုင်ပါသည်။ ပရိုဂျက်စတင်ဟော်မုန်း ထည့်သွင်းထားသော IUD များသည် သားအိမ်အတွင်း ထည့်သွင်း ပြီးနောက် အချိန်မှန်မဟုတ်ဘဲ သွေးအနည်းငယ် ဆင်းနိုင်ပါသည်။ ၎င်းသန္ဓေတားနည်း အသုံးပြုသူအမျိုးသမီးဦးရေ၏ ထက်ဝက်ခန့်တွင် IUD ထည့်ပြီး တစ်နှစ်ကြာသောအခါ သွေးပေါ်ခြင်း လုံးဝမရှိတော့ပါ။ IUD ကို ပြန်ထုတ်လိုက်လျှင် သွေးပေါ်ပါသည်။

၃။ သားကြောဖြတ်ခြင်း
အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ နှစ်ဦးစလုံးဖြစ်စေ နောင်အနာဂတ်တွင် ကလေးမယူတော့ရန် သေချာသောအခါ ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။ အမျိုးသား၏ ကပ္ပါယ်အိတ်အတွင်းမှ သုတ်ပြွန် တစ်ခုကို ဖြတ်တောက်ခြင်း (Vasectomy) ဖြင့် အမျိုးသားအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ်နိုင်ပါသည်။ အမျိုးသမီး၏ ၀မ်းဗိုက်ကိုဖွင့်၍ သားအိမ်၏ ဘေးတစ်ဖက်တစ်ချက်မှ သားဥပြွန်နှစ်ချောင်း ကို ဖြတ်တောက်ခြင်းဖြင့် အမျိုးသမီးများအား တစ်သက်လုံး ကလေးမရစေရန် ပြုလုပ်နိုင်ပါသည်။


၎။ မမှန်ကန်သောနည်းလမ်းများ
တချို့ အမျိုးသားများသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သုတ်လွှတ်ကာနီးတွင် အမျိုးသမီး အင်္ဂါတွင်းမှ ထုတ်ကာ သုတ်လွှတ်လေ့ရှိကြပါသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ကလေးမရနိုင်ဟု မှားယွင်းစွာ မှတ်ယူ တတ်ကြပါသည်။ သုတ်လွှတ်ခြင်း မပြုလုပ်မီ အမျိုးသားအင်္ဂါမှထွက်သော အကျိအချွဲတွင် သုတ်ကောင်အနည်းငယ် ပါဝင်နိုင်ပြီး ထိုပမာဏသည် အမျိုးသမီးအား ကိုယ်ဝန်ရရှိစေနိုင်ပါသည်။


တချို့သော စုံတွဲများတွင် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးသောအခါမှ ပြီးလျှင်ပြီးချင်း အမျိုးသမီးအင်္ဂါဇာတ်ကို ရေဆေးခြင်းဖြင့် ကိုယ်ဝန်မရနိုင်ဟု မှားယွင်းစွာ မှတ်ယူတတ်ကြပါသည်။ အမျိုးသားမှ သုတ်လွှတ်ပြီး စက္ကန့် (၉၀) အတွင်း၌ သုတ်ကောင်သည် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းသို့ ၀င်ရောက်ပြီးဖြစ်သည့်အတွက် ရေဆေးခြင်းဖြင့် ကိုယ်ဝန်ရရှိခြင်းကို မတားဆီးနိုင်ပါ။ ကလေးမွေးပြီး ကလေးအား အမေနို့ တိုက်နေစဉ် ကာလအတွင်း လိင်ဆက်ဆံလျှင် ကလေးမရနိုင်ဟု ယူဆသူများ ရှိပါသည်။ ကလေးအား နို့တိုက်နေသည့် ကာလအတွင်း လိင်ဆက်ဆံပါက ကိုယ်ဝန်ရရှိနိုင်ခြေ ရှိပါသည်။
ကလေးမလိုချင်သော မောင်နှံများ မမှန်ကန်သော အယူအဆများကို ရှောင်ကြဉ်ကာ စနစ်ကျသော သန္ဓေတားနည်း များကို အသုံးပြုခြင်းဖြင့် မရည်ရွယ်ဘဲ ကိုယ်ဝန်ရရှိခြင်းကို ရှောင်ရှားသင့်ပါသည်။ အထက် တွင် ဖော်ပြခဲ့သော သန္ဓေတားသည့် နည်းလမ်းများအကြောင်း ပိုမိုသိရှိလိုပါက တတ်ကျွမ်းနားလည်သည့် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးများနှင့် ဆက်လက် တိုင်ပင်သင့်ပါသည်။

အကယ်၍ သင်သည် သန္ဓေတားနည်းတစ်မျိုးမျိုးကို အသုံးမပြုဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိလျှင်သော်လည်းကောင်း၊ ကွန်ဒုံးအသုံးပြုသော်လည်း ကွန်ဒုံးပေါက်ပြဲခြင်း ဖြစ်ခဲ့လျှင်သော်လည်းကောင်း (၇၂) နာရီထက် နောက်မကျစေဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ဆရာဝန်နှင့်အမြန်ဆုံး တွေ့ဆုံဆွေးနွေး သင့်ပါသည်။ စာဖတ် ပရိသတ်များ မှန်ကန်သောနည်းလမ်းများဖြင့် သန္ဓေတားနိုင်ကြပါစေ။ ၀တ္ထုများ၊ ဆောင်းပါး များ၊ ဥာဏ်စမ်းများ၊ ကာတွန်းများ၊ ဟာသများ 
ထပ်မံဖတ်ရှုလိုပါက ‘ကျန်းမာရေးမဂ္ဂဇင်း’ ၏ facebook account ကို like လုပ်ခြင်းဖြင့် အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်ပါသည်။

Yangon Guide Groupသန္ဓေတားသောအခါ

Sunday, October 28, 2012

ကရင့်ရိုးရာ ချည်ဖြူဖွဲ.မင်္ဂလာပွဲတော်ဖြစ်ပေါ်လာပုံသမိုင်း



ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။ အရှေ့ပိုးကရင် ဗုဒ္ဓဘာသာအနွယ်ဝင်တို့သည် ချည်ဖြူဖွဲ့မင်္ဂလာပြုခြင်း ကျင်းပခြင်းကို အစဉ်အလာတစ်ရပ်အဖြစ် ပြုမြဲရှိကြသည်။ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသသို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။

ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့် အခါသော် လည်ကောင်း၊ တစ်အုပ်စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်းသိရှိမှတ်သားနိုင်ရန် လက်တွင် ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထားရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟု အဆိုရှိကြသည်။

ကရင်လူမျိုးများသည် ရေကြည်ရာ၊ မြက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ်(အမိဘက်)၊ ဖါ-ထါ်(အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စုမကွဲမှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်းအသိ အမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒေတ်၊ (၄) ဖူ့ကျာပံင်၊ (၅) ဖူ့လေံင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖုးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့ နှောင်ပေးခဲ့ကြသည်။

ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်းပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့် လယ်လုပ်ငန်းကို သူသူငါငါ လုံးပန်းနေချိန်တွင် တစ်ဦးနှင့်တစ်ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်းတွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာ လက်ချည်ချင်းကို ၀ါခေါင်လတွင်ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင်လူကြီးများက ကြီးမားသော ရည်ရွယ်ချက်များ ထားရှိပေသည်။

ဝါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စုစည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။ ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍ လုပ်ကိုင်ခြင်း စားသောက်နှင့် ကြုံတွေ့ရသောဘေးအန္တရာယ်ကို စုပေါင်း၍ တွန်းလှန်ကာကွယ်လေ့ရှိသလို ၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါင်လတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစုပေါင်း၍ လက်ချည်ခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်း လာ၏။ အိမ်ထောင်စုအလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ်လာသည်။ ထိုသို့ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လသည် မိုးသည်းထန်စွာ ရွာသွန်း၍ အအေးဓါတ်လည်း လွန်ကဲနေသည်။

ချောင်းရေ၊ မြစ်ရေများလျှံ၍ ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။ အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များဝင်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်းဆိုးဝါးလဟူ၍ မှတ်ယူကြသည်။ အမှန်မှာမကောင်းဆိုးဝါးလ မဟုတ်ချေ။ ၀ါခေါင်လတွင် ခံတွင်းမြိန် စားသောက်၍၀င် အာဟာရ တွေ့သောလသာဖြစ်သည်။

ကရင်ရိုးရာ လက်ချည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာမင်္ဂလာပြုသောခြည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာချည်ဖြူဖြင့် လက်ကို ရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။ ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ချည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။

ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊(၂) ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။ လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ်လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေတတ်သည် ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။

ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ (၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက်ညှင်းထုပ်ဖင်ချွန်၊ (၈) နတ်ပန်းညို(ဖ၀့်ဝီ)၊ (၉) ရေ စသည်တို့ ဖြစ်ပါသည်။
(၁) ဆန်ကော ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကိုဝါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။ (၂) ယောက်မ အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြောဆိုရမည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကိုဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။ (၃) ချည်ဖြူ ၀ါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ချည်ဖြူကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကိုဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။ (၄) ကြံ ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ်ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများလာနိုင်ပါသည်။ အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ 

အစဉ်ချိုမြိန်သည့်အရသာကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။ (၅)ငှက်ပျောသီး ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်းကျနစွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာသီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်းအထိ ခုတ်ပိုင်းဖျက်ဆီးသော် လည်း အချိန်တန်လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့် ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီးမြေးမြစ်များဖြစ်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ (၆) ထမင်းဆုပ် ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ်ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန် ရည်ရွယ်ဖေါ်ပြခြင်း ဖြစ်ပါသည်။ 

(၇) ကောက်ညှင်းထုပ်ဖင်ချွန် ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထားသဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန်အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ်စုစည်း၍ ထက်မြက်ထူး ချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။ (၈) နတ်ပန်းညို(ဖ၀့်ဝီ) နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍ ရုံဖွဲ့  မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။ ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်ညိုပန်း(ဖ၀့်ဝီ)ကဲ့သို့ပင် ကရင်လူမျိုး များသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည်တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင်ထိန်းသိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ်ပေးနိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။ (၉) ရေ ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။ ရေ၏စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရသည့်အရာဖြစ်သည်။ ဟောင်း နွမ်း ညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီးဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည်ပြည့်ဝစေခြင်းဖြစ်သည်။ လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေးတစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ချည်ဖြူများကိုဖြတ်ပြီး ဖြန့်စီထားလေသည်။ လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ 

လက်ဝါးပေါ်တွင် ထမင်းတစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထားရသည်။ လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ချည်ဖြူတစ်ပင်ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ချည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။ ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန် ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်းသောစကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ဖားစည်ကိုတီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သားအလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ 
သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ 
ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။ လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ်ယူလိုက်သည်။ ထိုခြည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤချည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။ (ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့်အလျောက် ဆိုကြသည်။ အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်) ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန်သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ်တွင် ပြန်ချထားလိုက်သည်။ လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထားသော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူငယ်များ စုစည်းဦးဆောင်၍ စုပေါင်းခြည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။ 

ကရင်လူငယ်အစည်းအရုံး( ကိုရီးယားဌာနခွဲ ) 
 
မူရင်း-http://kyokorea.blogspot.com/